အမေရိကန် ဦးဆောင်မှုနောက် အာဆီယံလိုက်မည်ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပြော

ထိုင်ဝမ်အရေး တင်းမာမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးတွေအကြား ဆွေးနွေးမှုတွေဟာ အင်နဲ့အားနဲ့ ပြင်းထန်တဲ့ အငြင်းအခုံတွေ ပါဝင်နေပြီး အငြင်းပွားမှုတွေကို စကားလုံးတွေနဲ့ ကိုင်တွယ်ခြင်းက ပိုကောင်းတယ်လို့ အာဆီယံအလှည်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းက သြဂုတ် ၆ ရက်မှာ ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းက အာဆီယံဟာ သံတမန်နည်းအရ ထိုင်ပေ မဟုတ်ဘဲ ပေကျင်းကို အသိအမှတ်ပြုတဲ့ တရုတ် တပြည်ထောင်တည်း မူဝါဒကို လိုက်နာပေးတဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုနောက်လိုက်မှာ ဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ ပရတ်ဆာခွန်းက ငြိမ်းချမ်းရေးအစီအစဥ် တိုးတက်မှုမပြမချင်း နေပြည်တော်ရဲ့ လက်ရှိအာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေကို အာဆီယံ အစည်းအဝေးတွေ တက်ခွင့်မပေးဘဲ ပိတ်ပင်ထားမှာဖြစ်ပြီး မြန်မာပြည်သူတွေကို ကူညီဖို့ ကြိုးပမ်းသွားမယ်လို့ ပြောသွားပါတယ်။