close

ရန်ကုန်မြို့တော်ခန်းမရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ရုပ်သိမ်း

ရန်ကုန်မြို့လယ် မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ အာဏာသိမ်းပြီးကတည်းက လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေ  ဇူလိုင်နောက်ဆုံးပတ်က ရုပ်သိမ်းသွားပြီလို့ မြို့ခံတွေက ပြောပါတယ်။

လုံခြုံရေးအဖွဲ့တွေဟာ ဘန်ကာတွေနဲ့ အတားအဆီးတွေ ဆောက်ပြီး တပ်စွဲထားခဲ့သလို မြို့တော်ခန်းမထဲမှာလည်း ဘန်ကာတွေ တည်ဆောက်ပြီး လအတန်ကြာ တပ်စွဲခဲ့ကာ ပြည်သူတွေကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုခဲ့ကြပါဘူး။

စစ်ကောင်စီတပ်တွေ ဘာကြောင့် ရုပ်သိမ်းသွားတာဆိုတာမသိရပေမဲ့ ရန်ကုန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့နေရာတွေနဲ့ လမ်းဆုံ၊လမ်းခွတွေမှာ အင်အားခွဲဝေချထားဖို့အတွက် ရုပ်သိမ်းလိုက်တာဖြစ်နိုင်တယ်လို့ မြို့ခံတွေက သုံးသပ်ကြပါတယ်။

လတ်တလောမှာ မြို့တော်ခန်းမနဲ့ မဟာဗန္ဓုလပန်းခြံရှေ့မှာ တပ်စွဲထားတဲ့ လုံခြုံရေးအဖွဲ့တွေ မရှိတော့ပေမဲ့ အတားအဆီးအကာအရံတွေကိုတော့ မဖယ်ရှားသေးသလို ပြည်သူတွေကိုလည်း ဖြတ်သန်းခွင့် မပြုသေးပါဘူး။

မြို့တော်ခန်းမထဲမှာတော့ ရဲတွေက လုံခြုံရေးယူထားဆဲဖြစ်ပြီး ပြီးခဲ့တဲ့လအတန်အကြာက စစ်ကောင်စီတပ်တွေက တင်းတင်းကျပ်ကျပ် လုံခြုံရေးယူခဲ့ပေမယ့် အဲဒီဝန်းကျင်တဝိုက် ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေကတော့ ဗုံးခွဲတာတွေ မကြာခဏ လုပ်ခဲ့ ကြပါတယ်။

//
Up