close

မှတ်ပုံတင်ခွင့်မရသေးသည့် ခရစ္စတန်ဆင်နှင့် ကတ်ဆေးတို့ ဘာကာမှ ပြန်ထွက်ခွာမည်

ဘာစီလိုနာအသင်းရဲ့ လူစာရင်းမှာ မှတ်ပုံတင်ခွင့် မရသေးတဲ့ နောက်ခံလူ ခရစ္စတန်ဆင်နဲ့ ကွင်းလယ်လူ ကတ်ဆေးတို့ဟာ အသင်းကနေ ပြန်လည်ထွက်ခွာဖို့ ရှိနေပါတယ်။

ဘာစီလိုနာဟာ စနေနေ့မှာ ဗလက်ကာနိုအသင်းနဲ့ လာလီဂါအဖွင့်ပွဲစဉ် ကစားဖို့ရှိပေမဲ့ မှတ်ပုံတင်မထားရသေးတဲ့ ကစားသမားတွေ ဆက်ရှိနေတာပါ။

ရာသီသစ်အတွက် ခေါ်ယူထားတဲ့ ခရစ္စတန်ဆင်နဲ့ ကတ်ဆေးတို့ဟာ လာလီဂါအဖွင့်ပွဲစဉ် မတိုင်ခင် မှတ်ပုံတင်ခွင့်မရဘူးဆိုရင် စာချုပ်ပါအချက်တွေအတိုင်း အလွတ်ပြောင်းရွှေ့ခွင့် ရှိနေကြောင်း ESPN သတင်းက ဖော်ပြပါတယ်။

ဘာစီလိုနာဟာ တခြားကစားသမားသစ်တွေဖြစ်တဲ့ လီဝန်ဒေါစကီး၊ ရာဖင်ညာနဲ့ ကွန်ဒေတို့ အပါအဝင် စာချုပ်သစ် ချုပ်ဆိုထားတဲ့ ဒမ်ဘီလီနဲ့ ရော့ဘတ်တို့ကိုလည်း ကစားသမားစာရင်းမှာ မှတ်ပုံတင်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၀၀ လောက် သုံးစွဲထားပြီး ဘဏ္ဍာရေးညီမျှဖို့အတွက် ကစားသမားတွေရဲ့ လုပ်ခလစာတွေကို လျှော့ချဖို့ လိုအပ်နေတာပါ။

လာလီဂါအဖွင့်ပွဲစဉ်မှာ ကစားသမားတွေကို မှတ်ပုံတင်နိုင်ခြင်း မရှိဘူးဆိုရင်တော့ ပြန်လည်ထွက်ခွာခွင့်ပြုရဖို့ ရှိနေပါတယ်။

//
Up