close

ဘလွန်းဒီအောလူငယ်ဆု ဆန်ခါတင် ၁၀ ဦးတွင် ပရီးမီးယားလိဂ်က ဆာကာ ၁ ဦးသာပါဝင်

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအော အကောင်းဆုံး လူငယ်ဆုံး လူငယ်ဘောလုံးသမားဆုအတွက် ဆန်ခါတင် ကစားသမား ၁၀ ဦး စာရင်းမှာ ပရီးမီးယားလိဂ်က ဆာကာ တစ်ဦးသာ ပါဝင်လာခဲ့ပါတယ်။

အာဆင်နယ်လူငယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီက ၁၁ ဂိုးသွင်း ၇ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့လို့ အသက်၂၁ နှစ်အောက် ကစားသမားတွေကို ပေးအပ်မယ့် ဘလွန်းဒီအော ဆန်ခါတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။

Kopa Trophy လို့လည်း ခေါ်ကြပြီး ဆာကာနဲ့အတူ အင်္ဂလန်အသင်းဖော် ဘယ်လင်ဂမ်ကလည်း ပါဝင်ပါတယ်။

တခြားကစားသမားတွေအနေနဲ့ ဒေါ့မွန်က အဒီယာမီ၊ ရီးရဲလ်က ကာမာဗင်ဂါ၊ ဘာစီလိုနာက ဂါဘီ၊ ဘိုင်ယန်မြူးနစ်က ဂရာဗင်ဘာ့ချ်နဲ့ မူဆာယီလာ၊ ပီအက်စ်ဂျီက မက်ဒက်စ်၊ လိုက်ဇစ်က ဂဗာဒီယိုနဲ့ လီဗာကူဆင်က ဝစ်ဇ် တို့ ပါဝင်ပါ တယ်။ 

ဆုရဖို့ရေပန်းစားမှုအရဆော့ ဆာကာနဲ့အတူ ကာဗာဗင်ဂါ၊ ဂါဘီနဲ့ ဂရာဗင်ဘာ့ချ်တို့ အပြိုင် လုရနိုင်တယ်လို့ ဘောလုံးကျွင်းကျင်သူတွေက သုံးသပ်ကြပါတယ်။

//
Up