close

မန်စီးတီး ပစ်မှတ်ဖြစ်လာသည့် ဆာကာအတွက် အာဆင်နယ်အသင်းစိုးရိမ်

အာဆင်နယ်ဟာ အသင်းရဲ့တောင်ပံတိုက်စစ်မှူးဆာကာကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးပမ်းလာမှာကို စိုးရိမ်နေပါတယ်။

မန်စီးတီးအသင်းဟာ  တောင်ပံတိုက်စစ်နေရာ တွေမှာ အသုံးပြုခဲ့တဲ့ စတာလင်နဲ့ ဂျေဆူတို့ကို ရောင်းချခဲ့တာကြောင့် တောင်ပံတိုက်စစ်ကစားသမားသစ် တစ်ဦးကို အစားထိုးခေါ်ယူဖို့ ရှိပါတယ်။

အဲဒီစာရင်းမှာ အာဆင်နယ်က အင်္ဂလန်တောင်ပံတိုက်စစ် ကစားသမား ဘူကာယိုဆာကာ ကနံပါတ်တစ်ပစ်မှတ်ကစားသမားဖြစ်တယ်လို့သတင်းထွက်ပေါ်လာ ခဲ့တာပါ။

အာဆင်နယ်အသင်းဘက်ကတော့ ဆာကာကို ရောင်းချဖို့ စိတ်ကူးမရှိဘဲ စာချုပ်သက်တမ်း တိုးဖို့ပါ ကြိုးပမ်းနေတာပါ။

ဆာကာဟာ အာဆင်နယ်နဲ့ အနည်းဆုံး ၂ နှစ်သက်တမ်းစာချုပ် ကျန်ရှိသေး ပေမယ့် လုပ်ခလစာတိုးမြှင့်ပြီး သက်တမ်းတိုးဖို့ အာဆင်နယ်ကစီစဉ်ထားပါတယ်။ တစ်ဖက်မှာလည်း မန်စီးတီးရဲ့အရှိန်အဝါတွေကြောင့် ဆာကာ စိတ်ယိုင်သွားမှာကို အာဆင်နယ်ဘက်က စိုးရိမ်မှုတွေရှိလာတယ်လို့သိရပါတယ်။ 

//
Up