close

အသက်အန္တရာယ်ခြိမ်းခြောက်ခံရသဖြင့် ဘရာဇီးကလပ်နှင့် ဝီလျံလမ်းခွဲ

ချဲလ်ဆီးနဲ့ အာဆင်နယ်ကစားသမားဟောင်း ဝီလျံဟာ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုကြောင့် ဘရာဇီးကလပ် ကိုရင်တီယန်နဲ့ လမ်းခွဲလိုက်ပါတယ်။ 

အသက် ၃၄ နှစ်ရှိ ဝီလျံဟာ ပြီးခဲ့တဲ့နှစ်ကတည်းက အာဆင်နယ်ကနေ ကိုရင်တီယန်ကို ပြောင်းရွှေ့ကစားခဲ့ပြီး စုစုပေါင်း ၄၅ ပွဲမှာ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

နောက်ဆုံး ၉ ပွဲမှာ ၅ ပွဲရှုံးနိမ့်ခဲ့ပြီး ဖလာမင်ဂိုနဲ့ ရှုံးထွက်ကွာတားဖိုင်နယ်မှာလည်းရှုံးနိမ့်ခဲ့တဲ့အပေါ် ဝီလျံအပေါ် အပြစ်ပုံချကြပြီး ခြိမ်းခြောက်မှုတွေခံခဲ့ရတာပါ။ 

“ကိုရင်တီယန် အသင်းရှုံးပွဲကြုံတိုင်းနဲ့ ကျနော်ကစားပုံမကောင်းတဲ့အချိန်တိုင်းမှာ ကျနော့် မိသားစုကို ဆိုရှယ်မီဒီယာကနေ ခြိမ်းခြောက်မှုတွေနဲ့ စော်ကားမှုတွေခံရတယ်။ ကျနော့ ဇနီးနဲ့ကလေးတွေအပြင် ကျနော့်အဖေနဲ့ အစ်မအထိပါ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတယ်” လို့ ဝီလျံက ပြောပါတယ်။

ကိုရင်တီယန်အသင်းဥက္ကဋ္ဌကလည်း ဝီလျံဘက်က  စာချုပ်ဖျက်သိမ်းခွင့်တောင်းဆိုထား ကြောင်းအတည်ပြုခဲ့ပြီး မျှော်လင့်ထားသလိုမဖြစ်ခဲ့လို့ ဝီလျံအတွက် ဝမ်းနည်းမိတယ်လို့ဆိုပါတယ်။ ဝီလျံဟာ ပရီးမီးယားလိဂ်ကလပ် ဖူဟမ်အသင်းဆီ ပြောင်းရွှေ့လာဖို့ရှိပါတယ်။

//
Up