close

ဗကသဒု-ဥက္ကဋ္ဌ ထောင်တွင်းရိုက်နှက်ခံရမှုကြောင့် အသက်အန္တရာယ် စိုးရိမ်ရဟု မိသားစုပြော

၁၀ လကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင် ၂ နှစ်နဲ့ ၁ လ ချမှတ်ခံလိုက်ရတဲ့ ဗကသ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန်အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပေမယ့် ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် မပေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ဒီဗွီဘီကိုပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးဟာ  ငြိမ်းစုစီဥပဒေပုဒ်မအတွက် ထောင်ဒဏ် ၁ လ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု  ၅၀၅ (ခ) အတွက် ထောင် ၂ နှစ် စုစုပေါင်း အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်နဲ့  ၁ လကို ဒီဇင်ဘာလ ၂၉ ရက်နေ့က ထောင်တွင်းတရားရုံးက အမိန့်ချခံလိုက်ရပြီး အရင်အဆောင်ကနေ သပြေဆောင်ကို ပြောင်းရွှေ့ချိန်မှာ အဆောင်မှူးအပါအဝင် အကျဉ်းသား ငါးယောက်ရဲ့ ရိုက်နက်တာကို ခံခဲ့ရတာပါ။

သပြေအဆောင်မှူးက ကိုဝေယံဖြိုးမိုးကို ဖိနပ်နဲ့ပါးရိုက်ပြီး ပုံစံအခန်းထဲကို ခေါ်ဆောင်သွားကာ အကျဉ်းသားငါးယောက်ကို အသေရိုက်ဆိုပြီး ရိုက်နက်ခိုင်းတာကြောင့် ကိုဝေယံဖြိုးမိုး နံရိုးကျိုးသွားခဲ့ပြီး ပြင်းထန်ဒဏ်ရရှိထားတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up