close

ရိဒ်-ကလေးပြေးဆွဲနေသည့် ယာဥ်များအားလုံးရပ်နားထားရန် CDF(ဟွာလ်းငိုး) အသိပေး ကြေညာ

ချင်းပြည်နယ်၊ ဟွာလ်းငိုးဒေသအတွင်း ရိဒ်-ကလေးလမ်းကို ပြေးဆွဲနေတဲ့ ယာဉ်တွေအားလုံး  ဩဂုတ် ၁၄ ရက်က စတင်ရပ်နားထားကြဖို့ CDF(ဟွာလ်းငိုး)က အများပြည်သူထံ ပန်ကြားထားတယ်။

စစ်ရေးအခြေအနေကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ယာဉ်ပြေးလမ်းကို အချိန်အတိုင်းအတာတခုအထိ ပိတ်သွားမှာဖြစ်ပြီး အခြေအနေတည်ငြိမ်မှ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ CDF(ဟွာလ်းငိုး)က အသိပေး ထုတ်ပြန်ထားပါတယ်။

တီအိုချောင်းမှ တာဟန်း-ကလေးဘက်မြို့ဘက် ပြန်လှည့်မယ့် ယာဉ်တွေအနေဲ့  ဩဂုတ် ၁၅ ရက်အထိ သွားလာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်စခန်းကို CNDF, PDF-Zoland, CDM-Siyin, MEDF ပူးပေါင်းကာကွယ်ရေးတပ်တို့က အနီးကပ် သွားရောက်ပစ်ခတ်ရာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Chin National Organization (CNO) က ထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဝေမျိုးပိုင် အပါအဝင် ၅ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က တယောက်  ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ Chin National Organization (CNO)က ထုတ်ပြန်ထားပါတယ်။

//
Up