close

ကော့ကရိတ်တွင် ပြည်သူပိုင်ခြံစည်းရိုးကို စစ်ကောင်စီတပ်က တင့်ကားဖြင့် ဝင်တိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ  သြဂုတ် ၁၇ ရက် ညနေပိုင်းမှာ ပြည်သူပိုင်ခြံစည်းရိုးအုတ်တံတိုင်းကို စစ်ကောင်စီက တင့်ကားနဲ့ ဝင်တိုက်တဲ့အတွက် ခြံစည်းရိုး ပျက်စီးသွားကြောင်း ကော့ကရိတ်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ် ၁၆ ရက်နေ့ မနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မြို့တွင်းတိုက်ပွဲပစ်ခတ်မှုမှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲနဲ့စစ်သားတွေ သေဆုံးတာတွေ ရှိခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီဘက်က ကော့ကရိတ်မြို့တွင်းမှာ တင့်ကားအသုံးပြုလာတာလို့ ဆိုပါတယ်။

မြို့တွင်း တင့်ကားနဲ့ လှည့်နေစဉ် စက်ချွတ်ယွင်းပြီး ပြုပြင် မောင်းနှင်ရာကနေ ခြံစည်းရိုး အုတ်တံတိုင်းကို ဝင်တိုက်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

မနေ့ညနေမှာလည်း ကော့ကရိတ်မြို့ အရှေ့တောင်ဘက်ကိုလည်း လက်နက်ကြီးနဲ့ အကြိမ်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သြဂုတ် ၁၇ ရက်ကနေ ဒီနေ့မနက် ၁၀ နာရီအထိ မြဝတီမြို့တောင်ဘက် ကွင်းကလေးကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

//
Up