close

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်

ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ဇနီးဖြစ်သူ နေထိုင်ရာ မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက် အာဇာနည်လမ်းရှိ ခြံအမှတ် ၆၆ ရှိ နေအိမ်ကို စစ်ကောင်စီတပ်နဲ့ရဲတွေက ဒီကနေ့ ညနေပိုင်းက လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်၊ စရဖအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအပါအဝင် အဖွဲ့အစည်းများနဲ့ နေအိမ်ကို ဒီကနေ့ ညနေ ၃ နာရီက လာရောက်ချိပ်ပိတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက  ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မောင်မောင်(ခ)ကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်(ခ)ဒေါ်ရွှေဇီးကွက် တို့နှစ်ဦးကို ပုဒ်မ ၅၀၅(က) ဖြင့် ပြီးခဲ့တဲ့နှစ် မတ်လ  မရမ်းကုန်း တရာရုံးက တရားစွဲဆိုခဲ့တာဖြစ်ပြီး အမှုရင်မဆိုင်ဘဲ ထွက်ပြေးနေလို့ ချိပ်ပိတ်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။

“သြဂုတ်လ ၂၅ ရက်နေ့မှ တရားရုံးမှာ လာရင်ဆိုင်လို့ရတယ်။ အခုကတော့ အိမ်ကို ချိပ်ပိတ်ထားတယ်” လို့ ရှင်းပြပါတယ်။ 

ဒီကနေ့ နေအိမ်ချိပ်ပိတ်ခံရတဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ ဇနီးဖြစ်သူဟာ ရန်ကုန်မြို့ နာရေးကူညီမှုအသင်း ဖြစ်မြောက်ရေးကော်မတီကို ၂၀ဝ၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့နှစ်ဦးဟာ ၂၀ဝ၇ ရွှေဝါရောင်လှုပ်ရှားမှုမှာလည်း ရဟန်းသံဃာများရဲ့ ဆန္ဒပြမှုကို ကူညီထောက်ခံခဲ့တဲ့အတွက် စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

//
Up