ထိုင်းဝန်ကြီးချုပ်ပရာယွတ်ကို တာဝန်မှရပ်ဆိုင်းရေးကိစ္စ ထိုင်းအခြေခံဥပဒေခုံရုံး ဆုံးဖြတ်မည်

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ဝန်ကြီးချုပ် သက်တမ်း ၈ နှစ် ကုန်ဆုံးချိန်မှာ ဝန်ကြီးချုပ် တာဝန်ကနေ ရပ်ဆိုင်းဖို့ အတိုက်အခံတွေရဲ့ ပန်ကြားချက်ကို လက်ခံမလား၊ လက်မခံဘူးလားဆိုတဲ့ စီရင်ချက်ကို ထိုင်းအခြေခံဥပဒေခုံရုံးက ဒီနေ့ ဩဂုတ် ၂၄ ရက်မှာ ဆုံးဖြတ်ဖို့ရှိနေပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်က အာဏာသိမ်းအပြီး ပထမဆုံး အာဏာရလာတဲ့ အသက် ၆၈ နှစ်အရွယ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ ကနေ ခုချိန်အထိ အယုံအကြည်မရှိ အဆိုသုံးခုကို ကျော်လွှား အောင်မြင်ခဲ့တာပါ။
အခုတော့ ၁၇ ပါတီ ညွန့်ပေါင်းအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ပရာယွတ်ဟာ လွှတ်တော်အမတ်နေရာ အများစု ဖြစ်တဲ့ ၂၅၃ နေရာကို ရထားပြီး အတိုက်အခံ တွေက ၂၀၈ နေရာ ရထားပေမယ့် လူကြိုက်များမှု ကျဆင်းလာနေတာကို ထင်မြင်ချက် စစ်တမ်းတွေက ပြထားလို့ သူ့ရပ်တည်ရေးအတွက် သေချာအောင်လုပ်သင့်တယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ပရာယွတ်က သူ့အပေါ်စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး အစိုးရဟာ ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်ရေးနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ အခက်အခဲတွေကို ဖြေရှင်းဖို့ ငွေကြေး အစီအမံတွေပံ့ပိုးပေးတာ အပါအဝင် ပြဿနာများစွာကို ဖြေရှင်းနိုင် ခဲ့တယ်လို့ စောဒက တက်ခဲ့ပါတယ်။
Photo Credit-Thairath