close

မန္တလေး ၂ နေရာတွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့မှာ ဩဂုတ် ၂၈ ရက် မနေ့ည ၇ နာရီဝန်းကျင်က အမရပူရမြို့နယ်နဲ့ ချမ်းမြသာစည်မြို့နယ်တို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညက စစ်ကိုင်း-မန္တလေးကားလမ်း အမရပူရ မြို့မရဲစခန်းတောင်ဘက်ရှိ  ဘီယာဆိုင်အနီးပေါက်ကွဲမှုဖြစ်ခဲ့သလို ချမ်းမြသာစည်မြို့နယ်မှာ ၅၉ လမ်း၊ ၁၀၈ လမ်းအနီးရှိ မန္တလေးခရိုင် ပညာရေးမှူးရုံးအနီးမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုနှစ်ခုစလုံးမှာ ထိခိုက်ပျက်စီးတာနဲ့ ဒဏ်ရာရသူတွေတော့ မရှိခဲ့ပါဘူး။

အဆိုပါပေါက်ကွဲမှုတွေကို  ဘယ်အဖွဲ့က လုပ်ဆောာင်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ဖော်ကြေညာတာ မရှိသေးပါဘူး။ 

အခုရက်ပိုင်း မန္တလေးမှာ  စစ်ကောင်စီတပ်၊ ရဲ ၊ စည်ပင်၊ ယာဉ်ထိန်းနဲ့ အရပ်ဝတ်လက်နက်ကိုင်တွေ နေရာအနှံ့ စစ်ဆေးနေပြီး  လမ်းဆုံလမ်းခွတွေမှာလည်း ရပ်တန့်စစ်ဆေးတယ်လို့ မြို့ခံတွေ ကပြောပါတယ်

//
Up