စီရော်နယ်ဒိုကို ခေါ်ရန် ချဲလ်ဆီးနည်းပြ တူချယ် ငြင်းဆန်ခဲ့

ချဲလ်ဆီးအသင်းဟာ မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူခွင့်ရှိခဲ့ပေမဲ့ နည်းပြတူချယ်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဘိုလီဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက စီရော်နယ်ဒိုကို ခေါ်ယူဖို့ သက်ဆိုင်ရာ အေးဂျင့်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြ တူချယ်က ခေါ်ယူဖို့ ငြင်းဆန်ခဲ့လို့ အဆင်မပြေဖြစ်ခဲ့ကြောင်း Times သတင်းစာက ဖော်ပြပါတယ်။
တူချယ်ဟာ စီရော်နယ်ဒိုကို ခေါ်ယူ သင့်၊ မသင့်ကို ဂျာမန်နည်းပြ ရင်းနစ်ခ်နဲ့လည်း တိုင်ပင် ဆွေးနွေးခဲ့ကြောင်း Times သတင်းမှာ ဖော်ပြပါတယ်။
အသက် ၃၇ နှစ်ရှိ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အခုနှစ်နွေရာသီမှာ ထွက်ခွာဖို့ ဆန္ဒရှိပေမဲ့ မန်ယူအသင်းဘက်က ဆက်ထိန်းထားချင်သလို ကမ်းလှမ်းမှုကောင်းတွေလည်း မရခဲ့တာကြောင့် အသင်းမှာ ဆက်ရှိနေတာပါ။
ရော်နယ်ဒိုဟာ မန်ယူနဲ့ လိဂ်ပွဲစဉ် ၄ ပွဲမှာ တစ်ပွဲပဲ ပွဲထွက်ခွင့်ရခဲ့ပြီး လက်ကျန် ၃ ပွဲကတော့ လူစားဝင် ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။