close

ဖာပွန်(မူတြော်)ခရိုင်တွင် CDM ဝင်ရောက်သူ ယာယီတပ်ရင်းမှူးအပါအဝင် ၇၀ ဦးရှိ

ကော်သူးလေ၊ ဖာပွန်(မူတြော်)ခရိုင်၊ KNLA တပ်မဟာ ၅ နယ်မြေအတွင်းကို  CDM လုပ်အလင်းဝင်ရောက်လာသူ ယာယီတပ်ရင်းမှူးအပါအဝင် ၇၀ ဦးရှိတယ်လို့ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

စစ်ကောင်စီက မတရားအာဏာသိမ်းပြီး ပြည်သူတွေကိုအကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတာ၊ ပြည်သူတွေရဲ့ အိုးအိမ်စည်စိမ်းတွေကို မီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်တွေကို မနှစ်မြို့တဲ့အပြင် ရှေ့တန်း ရောက်စစ်သည်တွေဟာ အနေဆင်းရဲ အစားဆင်းရဲပြီး နောက်တန်းကအထက်အရာရှိတွေက ဇိမ်ကျကျ နေထိုင်ကာ ပြည်သူကို ပြန်ဒုက္ခပေးနေတဲ့အပေါ် မနှစ်သက်တော့တဲ့အတွက် CDM လုပ်အလင်းဝင်ရောက်လာကြလို့ ဆိုပါတယ္။ 

၂၀၂၂ ခုနှစ်အတွင်း တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မနှစ်သက်တော့ တဲ့အတွက် ယာယီတပ်ရင်းမှူးအဆင့် ၁ ဦး၊  ဗိုလ်ကြီး ၄ ဦး၊ တပ်စုမှူး ၁ ဦး၊ တပ်ကြပ်က ၄ ဦး၊ ဒုတပ်ကြပ် ၈ ဦးနဲ့တပ်သား ၅၂ ဦးစုစုပေါင်း ၇၀ ဦးအထိ CDM လုပ်အလင်းဝင်ရောက်လာတယ်လို့ တပ်မဟာ ၅ ရဲ့ပြုစုထားတဲ့ မှတ်တမ်းတွေအရ ဆိုပါတယ်။

 စစ်ကောင်စီတပ်သားတွေကို ကောင်းကောင်မွန်မွန် ကြိုဆိုလက်ခံနေကြောင်းလည်း တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။ 

“ကျန်နေသေးတဲ့ စစ်သားတွေ ဒီဘက်ကိုရောက်လာရင် သူတို့ခေါင်းဆောင်တွေပြောသလို မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံပြီးတော့ နွေးနွေးထွေးထွေးနဲ့ လက်ခံထားတယ်လို့ ပြောချင်တယ်။” 

အခုလို ပြည်သူရင်ခွင့်ခိုလုံနိုလာသူတွေကို NUG နဲ့ချိတ်ဆက်ပေးပြီးသွားတဲ့သူတွေရှိသလို၊ လက်နက်ပါလာသူတွေအနေနဲ့ ရရှိတဲ့ချီးမြှင့်ငွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက်ရပ်တည်ဖို့ ပြင်ဆင်နေသူတွေလည်း ရှိနေပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားထွက်ချင်သူတွေကို စီစဉ်ဆောင်ရွက်ပေးတာတွေရှိပြီး တဖက်မှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီးပြန်လည်တိုက်ခိုက်နေသူတွေရှိနေကြောင်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up