close

ငဝန်မြစ်ကူးတံတားပေါ်က ခုန်ချသည့်လူငယ်ကို သေဆုံးလျက်ပြန်တွေ့

ငသိုင်းချောင်းမြို့ ငဝန်မြစ်ကူးတံတားပေါ်က ခုန်ချခဲ့တဲ့ အသက်နှစ်ဆယ်အရွယ်ရှိ လူငယ် အမျိုးသားတဦးကို စက်တင်ဘာ ၅ ရက် မနက် ရှစ်နာရီက သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးကျေးရွာ  ငဝန်မြစ်ထဲမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးကျေးရွာအနီး  ငဝန်မြစ်ထဲမှာ  အလောင်းတလောင်းပေါ်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ စစ်ဆေးကြည့်ရာမှ ငါးသိုင်းချောင်းမြို့မှ လူငယ်ဖြစ်နေတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“Dade Body ကို ကြည့်တော့ ပုဆိုးမပါဘူး၊  တီရှပ်လက်တို အနက်ရောင်ဝတ်ထားတယ်၊ မှောက်ခုံကြီး။ ရဲအချင်းချင်းစုံစမ်းကြည့်တော့ ငါးသိုင်းချောင်းက မနေ့က ခုန်ချတဲ့ လူငယ်ဖြစ်နေတယ်။” 

အဲဒီလူငယ် ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်/မဟုတ်  ဘုရားကုန်းနယ်မြေရဲစခန်းမှာ  သေမှုသေခင်း   အမှတ်စဉ်  ၆/၂၀၂၂  နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ငသိုင်းချောင်းမြို့က အဲဒီလူငယ်ဟာ စက်တင်ဘာ ၃ ရက်နေ့ည ကိုးနာရီကလည်း သူငယ်ချင်းဖြစ်သူတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး နေအိမ်ပြန်လာစဥ် တံတားပေါ်အရောက် ဆိုင်ကယ်ကိုရပ်ကာ ခုန်ချခဲ့တာပါ။

ရေထဲခုန်ချသွားသူမှာ ငါးသိုင်းချောင်းမြို့ ရွှေဘိုရပ်ကွက်ရွှေတောင်လမ်းနေ အသက် ၂၀ အရွယ်ရှိ  မောင်သျှားသူဟန် ဖြစ်ပြီး  Redmi 8 ဖုန်းတလုံး၊ ရှာထိုးဦးထုပ်၊ ဖိနပ်ကိုချွတ်ကာ ဆိုင်ကယ်ကို တံတားပေါ်မှာရပ်ပြီး ငဝန်မြစ်ထဲ ခုန်ချသွားတာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေက မီးသတ်တွေရော၊ လူမှုရေးအဖွဲ့တွေရော ရှာတယ်မတွေ့ဘူး၊ ရေစီးနဲ့ပါသွားတာဖြစ်မယ်။ ဒီနေ့မနက်မှ  စက်ဒေါင့်ကြီးကျေးရွာက မြစ်ထဲမှာ သွားတွေ့တာ။” 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပြည်တံတားနဝဒေးတံတားပေါ်က ခုန်ချခဲ့တဲ့ သားအမိနှစ်ဦးကိုတော့ ဒီနေ့ထိ ရှာမတွေ့ရှိသေးသလို ကမာရွတ် အင်းယားကန်ထဲ  သတ်သေခဲ့သူ အမျိုးသားတဦးကိုတော့ မီးသတ်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up