မက္ကဆီကို အဝေးပြေးလမ်း စစ်ဆေးရေးဂိတ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၃ ဦး ဖမ်းဆီးခံရ

မက္ကဆီကို အရာရှိတွေဟာ စက်တင်ဘာ ၅ ရက်က ဗေရာခရုဇ်အရှေ့ပိုင်းရှိ အဝေးပြေးလမ်းပေါ်က စစ်ဆေးရေးဂိတ်တစ်ခုမှာ လူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ်တစ်စီး၊ ဘတ်စ်ကား ၂ စီးနဲ့ သေနတ်တ ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း အမျိုးသားအစောင့်တပ်ဖွဲ့က ပြောပါတယ်။
မက္ကဆီကိုနိုင်ငံအရှေ့ပိုင်း ဗေရာခရုဇ်မှာ ဗဟိုအမေရိကနဲ့ ကျူးဘားမှ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၈၀ နီးပါးကို တင်ဆောင်သွားလာနေတဲ့ ဘတ်စ်ကား ၂ စီးကို အာဏာပိုင်တွေက ရပ်တန့်စစ်ဆေးခဲ့ပါတယ်။
တက္ကဆက်ပြည်နယ်၊ သိမ်းငှက်တောင်ကြားအနီးက အမေရိကန်ပြည်ထောင်စုထဲကို ဝင်ရောက်ဖို့ ရီယိုဂရန်ဒီမြစ်ကို ဖြတ်ကူးဖို့ ကြိုးစားရင်း ရွှေ့ပြောင်းနေထိုင်သူ ၉ ဦး သေဆုံးပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အခုလို ဖမ်းဆီးလိုက်တာပါ။
ဗဟိုအမေရိက၊ ကျူးဘား၊ ဟေတီနဲ့ ဗင်နီဇွဲလားတို့မှ ထောင်နဲ့ချီတဲ့ လူတွေဟာ သူတို့ရဲ့ မွေးရပ်မြေကနေ အမေရိကန်ကို ရောက်ရှိလိုကြပါတယ်။ တခြားသူတွေကတော့ မက္ကဆီကိုမှာ ခိုလှုံချင်ပြီး အကာအကွယ်ယူလိုကြပါတယ်။
မက္ကဆီကိုနိုင်ငံဟာ အမေရိကန်နဲ့ထိစပ်နေတဲ့ မြောက်ပိုင်းနယ်စပ်ဆီ လာရောက်ကြတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ဖိအားပေးမှုကို ခံနေရတာပါ။ မက္ကဆီကိုအစိုးရဟာ လက်တင်အမေရိကနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်ပြီး အလုပ်လုပ်ဖို့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဗီဇာတွေကို ကမ်းလှမ်းထားပါတယ်။