close

ဒေါ်လာ ၅၆၇ သန်း တန်ဖိုးရှိ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အော်ရီဒူးရောင်းချ

အော်ရီဒူးမြန်မာကုမ္ပဏီဟာ  အမေရိကန်ဒေါ်လာ ၅၆၇ သန်း တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်မှာ ကြေညာပါတယ်။

အော်ရီဒူးမြန်မာ ကုမ္ပဏီ (OML) နဲ့ အော်ရီဒူးမြန်မာ Fintech ကုမ္ပဏီ (OMFL) တို့ကိုပိုင်ဆိုင်ထားတဲ့ စင်္ကာပူနိုင်ငံအခြေစိုက် အော်ရီဒူးအာရှ ရင်းနှီမြှုပ်နှံမှုကုမ္ပဏီ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအကုန်လုံးကို စင်္ကာပူနိုင်ငံအခြေစိုက်   Nine Communications ကုမ္ပဏီကို ရောင်းချတာနောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ဆိုပါတယ်။ 

စီးပွားရေးလုပ်ငန်းတစ်ခုလုံးရဲ့ တန်ဖိုးဟာခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၅၆၇ သန်းလောက်ရှိပြီး ပေးရန်ရှိစာရင်းနုတ်အပြီး  အမေရိကန်ဒေါ်လာ ၁၆၂ သန်းလောက် ကျန်တယ်လို့ဆိုပါတယ်။

ငွေပေးချေမှုဆောင်ရွက်ဖို့ နှစ်ဘက်ကုမ္ပဏီတွေက သဘောတူထားပြီး မြန်မာနိုင်ငံကအရောင်းအဝယ်ဆိုင်ရာ ခွင့်ပြုချက်တွေရဖို့ စောင့်ဆိုင်းနေပြီလို့ သိရပါတယ်။

အော်ရီဒူးမြန်မာလီမိတက်ဟာ ၂၀၁၄ ခုနှစ်က စတင်ကာ ရန်ကုန်မှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံးဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်ခဲ့ပါတယ်။ 

အရောင်းအဝယ်သဘောတူညီမှုရရှိပြီးကြောင်း ကြေညာပြီးနောက် အော်ရီဒူးရဲ့ ရှယ်ယာတန်ဖိုး ၄ဒသမ၆ ရာခိုင်နှုန်းတက်သွားခဲ့ပြီး ဒါဟာပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လလယ်နောက်ပိုင်း အမြင့်ဆုံး ရှယ်ယာတန်ဖိုးတက်တာလို့  Bloomberg သတင်းမှာ ဖော်ပြပါတယ်။

အလားတူ နော်ဝေအခြေစိုက်  တယ်လီနောကုမ္ပဏီဟာလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူ့ရဲ့ ဆက်သွယ်ရေးလုပ်ငန်းရှယ်ရာတွေကို ရောင်းချထွက်ခွာသွားပြီးဖြစ်ပြီး မြန်မာနိုင်ငံထဲမှာ  တယ်လီဖုန်းဆက်သွယ်မှုလုပ်ငန်းအများစုကို စစ်အုပ်စုက ထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up