close

ကမ္ဘောဒီးယားတွင် ဆိုင်ဘာရာဇဝတ်မှု ကျူးလွန်သည့် သံသယရှိနေရာများကို စီးနင်း

ကမ္ဘောဒီးယားနိုင်ငံမှာ အခုသီတင်းပတ်အတွင်း ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်ရာနေရာတွေလို့ သံသယရှိတဲ့နေရာတွေကို ကမ္ဘောဒီးယား အာဏာပိုင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဘားဗစ်မြို့တော်ကသံသယရှိစရာ ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းတွေရဲ့ သားကောင် ဗီယက်နမ်လူမျိုး ၁၁ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၁၇ ရက် ပြီးခဲ့တဲ့ စနေနေ့က ဗီယက်နမ်နိုင်ငံသား အယောက် ၆၀ ဟာ ကာစီနို လောင်းကစားရုံကနေ ထွက်ပြေးခဲ့ကြပြီးနောက်မှာ ဒီနေရာကို ရဲတွေ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ကျန်လူ ၁၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်နိုင်ငံပိုင် ရုပ်မြင်သံကြားရုပ်သံလိုင်း VTV ရဲ့ဗီဒီယိုမှာတော့ ကမ္ဘောဒီးယားနိုင်ငံ ဆဗိုင်း-ရေးယန်ပြည်နယ်မှာ ကာစီနိုလောင်းကစားရုံအဖြစ် လုပ်ဆောင်နေတဲ့နေရာကို ဝင်ရောက်စီးနင်း ရှာဖွေတဲ့နေရာမှာ ကမ္ဘောဒီးယား တာဝန်ရှိသူတွေနဲ့ ဗီယမ်နမ်ရဲတပ်ဖွဲ့တို့ စကားပြောဆိုနေတာကို ပြထားပါတယ်။

စက်တင်ဘာ ၂၁ ရက်မှာ ဗီယက်နမ်နိုင်ငံသား ၇၁ ယောက်လုံး ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

နည်းပညာပိုင်း ကျွမ်းကျင်သူတွေနဲ့အတူ ကျွမ်းကျင်လုပ်သားများစွာ အပါအဝင် ဆိုက်ဘာရာဇဝတ်မှု အစီအစဉ်ထဲမှာ ကျူးလွန်ခံရသူတွေက သူတို့ကို ကာစီနိုတွေနဲ့ ဟိုတယ်တွေမှာ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေကို အာမခံ ကတိပေးထားတဲ့ ဆိုရှယ်မီဒီယာ ကြော်ငြာတွေကတဆင့် ကမ္ဘောဒီးယားကို ဖြားယောင်းခေါ်ယူခဲ့ကြောင်း ပြောပြပါတယ်။

ဒါပေမဲ့ ဒီမရိုးသားတဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေသူတွေက သူတို့ကို အဆောက်အဦတွေမှာ အတင်းအကျပ်နေခိုင်းပြီး အင်တာနက်အချစ်ဇာတ်လမ်းနဲ့ cryptocurrency ဒစ်ဂျစ်တယ်ငွေကြေး လိမ်လည်မှုတွေကတဆင့် ကမ္ဘာတဝန်းရှိ လူစိမ်းသူစိမ်းတွေကို လိမ်လည်လှည့်ဖြားခိုင်း‌ကြောင်း ပြောပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up