close

နည်းပြဗယ်ဒါကိုထုတ်ပယ်သည့်အပေါ် စပိန်အမျိုးသမီးကစားသမားလက်မခံ

စပိန်အမျိုးသမီးလက်ရွေးစင်ကစားသမားတွေဟာ သူတို့အသင်းနည်းပြဗယ်ဒါကို စပိန်ဘော လုံးအဖွဲ့ချုပ်က ထုတ်ပယ်လိုက်တဲ့အပေါ်  လက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နည်းပြကို ထုတ်ပယ်ခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေ နုတ်ထွက်မယ်လို့ ကစားသမား ၁၅ ယောက်က  အကြောင်းကြားထားပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကဘက်လည်း အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်မှာမဟုတ်ဘဲ နုတ်ထွက်မယ်လို့ အီးမေးလ်ကနေ အကြောင်း ကြားခဲ့တဲ ကစားသမားတွေအနေနဲ့ အမှားတွေကိုပြန်လည်တောင်းပန်မှ ပြန်လည် ကစားခွင့်ပေးမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က သတိပေးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံ့လက်ရွေးစင်အသင်းမှာ ကစားဖို့ငြင်းဆန်မယ်ဆိုရင် အနည်းဆုံး ၅ နှစ် ကစားခွင့်ပိတ်ပယ်မယ်လို့ သတိပေးထားပါသေးတယ်။

တဘက်မှာလည်း လူငယ်ကစားသမားတွေကို အစားထိုးအသုံးပြုဖို့ စပိန်ဘောလုံး အဖွဲ့ချုပ်က ပြင်ဆင်ထားပါတယ်။

အသက် ၄၁ နှစ်ရှိ စပိန်နည်းပြ ဂျော့ဗယ်ဒါဟာ ၂၀၁၅ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့ပြီး စပိန်အမျိုးသမီးအသင်းကို အောင်မြင်မှု တချို့ရယူပေးခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up