အဲဗာတန်ပရိသတ်၏ ဖုန်းကိုရိုက်ချခဲ့သည့် စီရော်နယ်ဒိုကို အရေးယူမည်

ပြီးခဲ့တဲ့ရာသီတုန်းက ဆယ်ကျော်သက်အရွယ် အဲဗာတန်ပရိသတ်တစ်ဦးရဲ့ဖုန်းကို ရိုက်ချသွားခဲ့တဲ့ စီရော်နယ်ဒိုကို အရေးယူဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ကဆုံးဖြတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလက အဲဗာတန်ကွင်းမှာ မန်ယူအသင်းက ၁ဂိုး ဂိုးမရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကွင်းထဲကနေထွက်လာတဲ့ စီရော်နယ်ဒိုကို အဲဗာတန်ပရိသတ်တစ်ဦးဖြစ်တဲ့ ဂျိတ်ဟတ်ဒင်က ဗီဒီယိုရိုက်ကူးခဲ့စဉ် ရော်နယ်ဒိုက ဖုန်းကိုရိုက်ချသွားခဲ့တာပါ။
အသက် ၁၄ နှစ်ရှိ အဲဒီ ပရိသတ်ဟာ လက်မှာပွန်းပဲ့ဒဏ်ရာရရှိသွားခဲ့ပြီး အဲဒီအချိန်က အရေးမယူခဲ့ပေမဲ့ လက်ရှိအချိန်ကျမှ အရေးယူဖို့ အင်္ဂလန်အက်ဖ်အေက ဆုံးဖြတ်ချက်ခဲ့တာပါ။
ရော်နယ်ဒိုဟာ အဆိုပါဆယ်ကျော်သက်ကလေးငယ်ကို ဆိုရှယ်မီဒီယာကနေပြန် လည်တောင်းပန်ခဲ့ပြီး အိုးထရတ်ဖို့ဒ်မှာ ပွဲကြည့်ဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ ဆယ်ကျော် သက်ကလေးငယ်ဘက်က ပွဲလာကြည့်ဖို့ပယ်ချခဲ့ပြီး မန်ယူအသင်းပွဲစဉ်ကော၊ ရော်နယ်ဒိုကို ကြည့်ရှုလိုတဲ့ဆန္ဒမရှိဘူးလို့ အကြောင်းပြန်ခဲ့တာပါ။
အက်ဖ်အေဟာ ရော်နယ်ဒိုကို မသင့်လျော်တဲ့ အပြုအမူလုပ်ဆောင်ခဲ့တယ်လို့ စွဲချက်တင်ထားပြီးဘယ်လို အရေးယူမလဲဆိုတာ ထပ်မံကြေညာသွားမှာဖြစ်ပါတယ်။