close

တန့်ဆည်မြို့နယ် ရွာ ၇ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ မီးရှို့

တန့်ဆည်မြို့နယ်က ရွာ ၇ ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီနေ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဆယ်ကျဲရွာ၊ သဲစားရွာ၊ အင်တောသာရွာ၊ နဘက်ငယ်ရွာ၊ အင်းနားရွာ၊ ငှက်ပျောတောရွာနဲ့ သစ်တော်ပေါက် မြောက်ရွာတို့ကို ဒီနေ့လယ်ပိုင်းက မီးရှို့ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ရက်ကလည်း စစ်ကောင်စီတပ်တွေ မီးရှို့လို့ ရွာ ၃ ရွာက အိမ်ခြေ ၂၀၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၂ ရက်က ပေကုန်းရွာ၊ နဘက်ကြီးနဲ့ အရှေ့တိုက်ရွာတို့ကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၁၉၀ ကျော်နဲ့ စပါးကျီတွေ၊ မွေးမြူရေးခြံတွေ ဆုံးရှုံးခဲ့ရတာပါ။

ဒီရက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ တန့်ဆည်မြို့နယ်ထဲက ရွာတော်တော်များများကို မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁၀ ယောက်ကိုလည်း သတ်ဖြတ်မီးရှို့ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တန့်ဆည်မြို့နယ်ထဲက ရွာပေါင်း ၂၀ ကျော်ဟာ အကြမ်းဖက်စစ်​ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up