close

မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ နဲ့ အလ္လကပ္ပကျေးရွာကြားမှာ စက်တင်ဘာ ၂၅ ရက် မွန်းတည့် ၁၂ နာရီကျော်က စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တာဝန်ရှိသူက ပြောပါတယ်။

“ရိက္ခာ နဲ့ လက်နက်တွေပါတယ်လို့ သတင်းရတာ။ ထောက်ပို့ယာဉ်တွေ၊ တစီးကို စစ်ကောင်စီတပ်သား ငါးယောက်လောက်ပါတယ်။” 

စစ်ကိုင်း တပ်မ ၃၃ ကနေ မုံရွာဘက်သွားတဲ့ စစ်ကောင်စီတပ် ထောက်ပို့ကားတွေအနက် ၃ စီး တွဲကို ပဒေသာမိုင်း ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုကို People's Army To Fight Dictatorship (PAFD).တပ်ခွဲDK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU)၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်သား သေဆုံးမှု အခြေအနေကိုတော့ အတိအကျမရရှိသေးဘဲ မဟာမိတ် တပ်သားတွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up