ကနေဒါတွင် မုန်တိုင်းကြောင့် ပျက်စီးမှုများ ပြန်ပြုပြင်

ကနေဒါအရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်းမုန်တိုင်း ဖီအိုနာက စက်တင်ဘာ ၂၄ ရက်မှာ ဝင်ရောက်တိုက်ခတ်လို့ အပျက်အစီးတွေ ကျန်ခဲ့ပြီးတဲ့နောက် တာဝန်ရှိသူတွေက ပြန်လည် ထူထောင်ရေးဆိုင်ရာ လမ်းရှည်ကြီးကို သတိပေးထားတဲ့အတိုင်း ပျက်စီးဆုံးရှုံးမှု အကဲဖြတ်တာနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အာရုံစိုက်လာခဲ့ပါတယ်။
သမိုင်းဝင် မုန်တိုင်းက ကနေဒါအရှေ့ပိုင်းကို တိုက်ခတ်ခဲ့ပေမယ့် ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ခိုင်းစေတာ၊ သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ ကျိုးပဲ့တာ၊ နေအိမ် အများအပြား အပျက်အစီး ပုံအဖြစ် ကျန်ရစ်တာတွေပဲ ဖြစ်ခဲ့ပါတယ်။
ကနေဒါ ဟာရီကိန်းစင်တာကတော့ ဖီအိုနာဟာ ကနေဒါမှာ စံချိန်တင် ဖိအားအနိမ့်ဆုံး ကုန်းတွင်း ဝင်တဲ့ မုန်တိုင်းအဖြစ် ခန့်မှန်းထားပါတယ်။
ဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက ရှင်းလင်းရေးမှာ ကူညီဖို့ ကနေဒါ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖြန့်ကျက်ထားမှာဖြစ်ပြီး မုန်တိုင်းကြောင့် သိသာထင်ရှားတဲ့ အပျက်အစီးတွေ ပြန်လည် ထူထောင်ရေးအတွက် အားထုတ်မှုကြီးကြီး လိုမယ်လို့ ပြောခဲ့ပါတယ်။
မုန်တိုင်းပြင်းထန်နေပေမယ့် ထိခိုက်ဒဏ်ရာရ သေဆုံးမှု မရှိတာဟာ အစိုးရ တာဝန်ရှိသူတွေရဲ့ ထပ်ခါတလဲ သတိပေးချက်တွေကို ဂရုပြုနေထိုင်ကြတာကြောင့်လို့ အစိုးရတာဝန်ရှ်သူတွေက ပြောပါတယ်။
အပျက်အစီး ပမာဏအပြည့်အစုံကို လာမယ့်ရက်တွေ သီတင်းပတ်တွေကြာမှ သိနိုင်မယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။