close

ရုရှားစာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပြီး ကလေး ၁၁ ဦးအပါအဝင် ၁၅ ဦး သေဆုံး

ရုရှားနိုင်ငံအနောက်ပိုင်းက၊ ရုရှားပြည်ထောင်စု လက်အောက်ခံ အဒ်မွတ်သမ္မတနိုင်ငံရဲ့ မြို့တော် အစ်ရှ်ဟက်ဗ်မြို့က ကျောင်းတစ်ကျောင်းမှာ နာဇီအမှတ်တံဆိပ်ပါတဲ့ တီရှပ်ကို ဝတ်ထားတဲ့ သေနတ်သမား တယောက်က စက်တင်ဘာ ၂၆ ရက်မှာ သူ့ကိုယ်သူ သတ်မသေခင် ပစ်ခတ်ခဲ့လို့ ကလေးငယ် ၁၁ ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးပါတယ်။

ကလေး ၂၂ ယောက် အပါအဝင် လူ ၂၄ ဦး ဒဏ်ရာရတယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

ခွဲစိတ်ဆရာဝန်တွေက ခွဲစိတ်မှု အတော်များများ လုပ်ခဲ့ရတယ်လို့  ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ဘရီချာလာ့ဗ်က ပြောပါတယ်။

တိုက်ခိုက်သူဟာ စိတ်ပိုင်းဆိုင်ရာ အာရုံကြောဆိုင်ရာ ကုသရေးဌာနမှာ မှတ်ပုံတင်ထားတယ်လို့ သူက ပြောပါတယ်။

အာတမ် ခါဇန့်ဆက်ဗ်လို့အမည်ရတဲ့ အသက်သုံးဆယ်ကျော်အရွယ်  တိုက်ခိုက်သူဟာ လုံခြုံရေးအစောင့် နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး တစ်ချိန်က သူကိုယ်တိုင်တက်ရောက် ခဲ့ဖူးတဲ့ အီဇက်ဗ်ခ်ရှိ အမှတ် ၈၈ ကျောင်းက  ကျောင်းသားတွေနဲ့ ဆရာတွေကို ပစ်ခတ်ခဲ့ပါတယ်။ 

ရာဇ၀တ်မှုအကြီးတွေကို ကိုင်တွယ်တဲ့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီက ကျူးလွန်သူ နဲ့ နာဇီလက်သစ်လို့ သံသယရှိသူတွေရဲ့ ဆက်စပ်မှုကို ရှာနေတယ်လို့ ပြောပါတယ်။ 

တိုက်ခိုက်သူဟာ ပစ္စတိုနှစ်လက်နဲ့ ခဲယမ်းမီးကျောက် အများအပြား ကိုင်ဆောင်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up