close

လက်နက်ကိုင်များ ရပ်/ကျေးများကို အကာကွယ်ယူပြီး တိုက်ပွဲမဖော်ရန် ရခိုင်အမျိုးသားပါတီ အသိပေး

ရခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နှစ်ဘက်တပ်တွေအနေနဲ့ ရပ်ကွက်ကျေးရွာတွေ ကို အကာအကွယ်ယူပြီး တိုက်ပွဲမဖော်ဖို့အပါအဝင် အချက် ၄ ချက်ကို ရခိုင်အမျိုးသားပါတီက စက်တင်ဘာ ၂၉ ရက်မှာ ကြေညာချက်ထုတ်ပြန် အသိပေးလိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့နေရာတွေအပါဝင် ကုန်းလမ်း၊ရေလမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားတာဟာ ဒေသခံလူမျိုးပေါင်းစုံရဲ့ အသက်ရှင်နေထိုင်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးပြီး လူနေအိမ်တွေ ပျက်စီးခဲ့တဲ့အပေါ်  ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ထားပါတယ်။

နောက်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါး သယ်ယူရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီပေး နေတဲ့ INGO, NGOနဲ့ CSO အဖွဲ့တွေကို ပိတ်ပင်ထားတာတွေ ပြန်ဖွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရက္ခိုင်တပ်တော်တို့ဟာ ၂ နှစ်လောက်ကြာအောင် အပစ်ခတ်ရပ်ထားရကနေ အခုနှစ် သြဂုတ် ၁၃ ရက်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး အရပ်သားတွေ ထိခိုက်သေဆုံးကာ စစ်ဘေးရှောင်ပြည်သူ အရေအတွက်ဟာလည်း သောင်းနဲ့ချီတိုးလာတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up