close

စစ်ရှောင်အိမ်‌ထောင်စု ၂၆၀ ကို ကူးကီးအမျိုးသမီးများဆိုင်ရာလူ့အခွင့်အရေးအဖွဲ့က စားနပ်ရိက္ခာ ထောက်ပံ့

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနယ်စပ်ဘက် တိမ်းရှောင်လာတဲ့ မြန်မာစစ်ရှောင်တွေကို ကူးကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့စည်းက စက်တင်ဘာ ၃၀ ရက်မှာ ထောက်ပံ့ကူညီခဲ့ပါတယ်။

အိန္ဒိယနယ်စပ်မှာ စစ်ကိုင်းတိုင်းက ထွက်ပြေးလာတဲ့ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင် မိသားစု ၂၆၀ စုကို အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပဲရာဇာ၊ ငါးသေတ္တာဘူး၊ ဆီ၊ ဆားနဲ့ ဆေး အပါအဝင် အခြားစားသောက်ကုန်တွေ ကူညီထောက်ပံ့ခဲ့တာပါ။

ဒါ့အပြင် စစ်အာဏာရှင်တွန်းလှန်ရာမှာ ပါဝင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာရှိတဲ့ အမျိုးသမီး CDM ဝန်ထမ်းနဲ့ WHRD အယောက် ၁၀၀ ကိုလည်း လစဉ်အသေးစားထောက်ပံ့ပေးနေတယ်လို့ ကူးကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့စည်းက ထုတ်ပြန်ပါတယ်။

စစ်ဘေးတိမ်းရှောင် ခိုလှုံလာတဲ့ ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကူညီထောက်ပံ့ပေးဖို့ ကူးကီးကျောင်းသားဒီမိုကရစ်တက်တပ်ဦးအသင်းက အိန္ဒိယအစိုးရကို  တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up