close

ကမ္ဘာ့လူဦးရေ ၃၄၅ သန်း စားနပ်ရိက္ခာပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေရဟု WFP ပြော

စားနပ်ရိက္ခာ ပြတ်လပ်မှု ဆိုးရွားစွာကြုံတွေ့နေရတဲ့ ကမ္ဘာ့လူဦးရေ ၁၅၀ ရာခိုင်နှုန်း တိုးလာပြီး လူဦးရေ ၃၄၅ သန်းအထိ ရောက်လာပြီလို့  ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးလိုက်ပါတယ်။

ကမ္ဘာကြီးမှာ စားနပ်ရိက္ခာ မဖူလုံမှုဟာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း အခြေအနေ ပိုယိုယွင်းလာတာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်။  

COVID-19 ကပ်ရောဂါ၊ ရာသီဥတုဖောက်ပြန်မှုနဲ့ ကမ္ဘာ့ကောက်ပဲသီးနှံ အဓိကထုတ်လုပ် တင်ပို့တဲ့ ရုရှနဲ့ ယူကရိန်းတို့ကြား ပဋိပက္ခကြောင့် စားနပ်ရိက္ခာ တင်ပို့မှုကျဆင်းသွားလို့ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာလို့ WFP က ပြောပါတယ်။

၂၀၁၉ ခုနှစ်မှာ လူပေါင်း ၁၃၅ သန်းလောက်ဟာ ကပ်ရောဂါ မတိုင်မီ အစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတာပါ။ 

အရှေ့အလယ်ပိုင်းနဲ့ အာဖရိမြောက်ပိုင်း (MENA) လို အားနည်းတဲ့ ဒေသတွေနဲ့ ယီမင်လို နိုင်ငံတွေမှာ အစားအသောက် မလုံလောက်တာကို ခံစားခဲ့ရပါတယ်။ 

WFP စီးပွားရေးပညာရှင် အကြီးအကဲ အာရစ်ဖှ် ဟူစိန်က စားနပ်ရိက္ခာပြတ်လပ်မှု အခြေအနေဟာ ဆိုးရာကနေ ပိုဆိုးလာကြောင်း၊ လူပေါင်း ၈၂၈ သန်းလောက်ဟာ ညတိုင်း ဆာလောင် မွတ်သိပ်ရင်း အိပ်ရာဝင် နေရပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံက လူဦးရေ သန်း ၅၀  အငတ်ဘေးကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ 

//
Up