အိန္ဒိယတွင် နောက်တွဲပါထွန်စက် မှောက်ပြီး လူ ၂၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ကမ်ပါမြို့မှာ အောက်တိုဘာ ၁ ရက်က နောက်တွဲယာဉ်ပါတဲ့ ထွန်စက် တိမ်းမှောက်ပြီး ရေထဲကျခဲ့လို့ အမျိုးသမီး ၁၄ ယောက်နဲ့ ကလေးတချို့ အပါအဝင် လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဘုရားဖူးသူတွေဟာ ချန်ဒရီကာဒေဝီဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုပြီးတဲ့နောက် ပြန်အလာ ဂါတမ်ပါမှာ ယာဉ်မတော်တဆ ဖြစ်ခဲ့တာပါ။
ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးသမားတွေ အခင်းဖြစ်ပွားရာနေရာဆီ အမြန်သွားခဲ့ပြီး အသက်ရှင် ကျန်ရစ်သူတွေနဲ့ ရုပ်အလောင်းတွေကို ရှာဖွေခဲ့ကြပါတယ်။ ဒဏ်ရာရသူတွေကိုတော့ ကျေးရွာကျန်းမာရေးဌာနဆီ ပို့ဆောင်ကုသပေးခဲ့ပါတယ်။
ဒေသဆိုင်ရာအုပ်ချုပ်ရေးက ထိခိုက်သူတွေကို တတ်နိုင်သမျှ အကူအညီတွေ ပေးနေပါတယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒြာမိုဒီကတွစ်တာလူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
ကွယ်လွန်သူရဲ့ ဆွေမျိုးတွေအတွက် ရူပီး ၂၀၀,၀၀၀ နဲ့ ဒဏ်ရာရသူတွေ အတွက် ရူပီး ၅၀,၀၀၀ ပေးသွားမယ်လို့ မိုဒီက ကြေညာခဲ့ပါတယ်။