close

အိန္ဒိယနိုင်ငံသားများအတွက် ဗီဇာပြဿနာ ဖြေရှင်းပေးမည်ဟု အမေရိကန်ဝန်ကြီးပြော

အိန္ဒိယနိုင်ငံသားတွေရဲ့ အမေရိကန်ပြည်ဝင်ခွင့် လျှောက်ထားမှုကို ပိတ်ဆို့နေတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စက်တင်ဘာ ၂၇ ရက်မှာ ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာနဲ့ တွေ့ချိန်မှာ ခုလို မှတ်ချက်ပေး ပြောဆိုလိုက်တာပါ။

သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုမှာ အလုပ်လုပ်ဖို့နဲ့ နေထိုင်ဖို့ ပြည်ဝင်ခွင့် လက်ခံရာမှာ အိန္ဒိယနိုင်ငံသားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နည်းပညာနဲ့ ပညာရေးလို နယ်ပယ်အများအပြားအတွက် ပြည်ဝင်ခွင့်ဗီဇာ ပြဿနာဟာ အတိမ်းအစောင်းမခံဘဲ စိန်ခေါ်မှုတွေအကြောင်း ဂျိုင်ရှန်ကာက ဘလင်ကန်ကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

ဘလင်ကန်က ဒီကိစ္စကို အလွန်အကဲဆတ်တယ်လို့ ပြောခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ချိန်မှာ အမေရိကန်ရဲ့ ဗီဇာထုတ်ပေးနိုင်မှုစွမ်းရည်ဟာ သိသိသာသာ ကျဆင်းသွားပြီး စနစ်တရပ်လုံးလည်း ထိခိုက်ခဲ့တယ်လို့ ဘလင်ကန်က ရှင်းပြပါတယ်။

အမေရိကန်အစိုးရဟာ ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် မတ်လမှာ ကမ္ဘာတဝန်းက ဗီဇာလုပ်ဆောင်မှု အားလုံးကို ရပ်ဆိုင်းလိုက်ပြီးနောက် အမေရိကန် ဗီဇာဝန်ဆောင်မှု အလုပ်အကြွေးတွေ အစုလိုက် အပြုံလိုက်ကို ရှင်းလင်းဖို့ ကြိုးစားနေဆဲပါ။

ဘလင်ကန်က အစီအစဉ် အသေးစိတ်ကို မပြောပေမဲ့ လာမယ့်လတွေမှာ အပြီးလုပ်ဆောင်မယ်လို့ ပြောပါတယ်။

အိန္ဒိယက အမေရိကန်ဗီဇာ လျှောက်ထားသူတွေဟာ တချို့အခြေအနေတွေမှာ ချိန်းဆိုမှုအတွက် တနှစ်ကျော် စောင့်ဆိုင်းရတာကိုလည်း တွေ့နေရပါတယ်။

ပြည်ဝင်ခွင့် အမျိုးအစား အားလုံးအတွက် ဗီဇာချိန်းဆိုမှုတွေကို ဖွင့်ထားပေမဲ့ လျှောက်ထားသူများလို့ စောင့်ဆိုင်းချိန် သိသိသာသာ မြင့်မားနေဆဲလို့ အိန္ဒိယမှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up