close

မအူပင်တွင် မြစ်အတွင်းငါးဖမ်းခွင့်ပိတ်ထားသဖြင့် ရေလုပ်သားများ အခက်ကြုံ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မာ အောက်တိုဘာ ၁ ရက်မှ  ၁၅ ရက်အထိ တိုးမြစ်ထဲ ရေလုပ်သားတွေ ငါးဖမ်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရေကြောင်းကနေ ပြန်လည်ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြစ်ထဲ ပိတ်ဆို့ ရှာဖွေနေသလို ငါးဖမ်းခွင့်ကိုလည်း ပိတ်ပင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ငါးဖမ်းလုပ်ငန်းလုပ်သူ ဒေသခံတဦးက “ကျနော်တို့က တိုးမြစ်ကိုပဲ အားထားပြီး ငါး ရှာနေရတာ။ အမြဲတမ်းရှာရတာ မဟုတ်ဘူး။ ရက်အပတ်နဲ့ ရှာနေရတာ။ ခုလိုမျိုး ပိတ်လိုက်တော့ ရေလုပ်သား တွေ အဆင်မပြေတော့ဘူး”လို့ ပြောပါတယ်။

မအူပင်မြို့နယ်မှာ တိုးမြစ်ထဲ ငါးဖမ်းခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်တာကြောင့် ရေလုပ်သားတွေအတွက် စားဝတ်နေရေးအခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ပြန်ဝင်လာတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး နောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မြို့အဝင် အထွက် စစ်ဆေးရေးဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေဖမ်းဆီးနေသလို မြစ်ထဲထိပါ ငါးဖမ်းခွင့်တွေပိတ်ပြီး ရှာဖွေတာတွေပြုလုပ်လာတာပါ။

ခုလိုမျိုး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ရှာဖွေဖမ်းဆီးလာတဲ့အပေါ် မြို့ပြပြောက်ကျားတပ်ဖွဲ့ ဝင်တွေအနေနဲ့ လုပ်ရကိုင်ရ ခက်ခဲသွားတာမျိုး မရှိပေမဲ့ ဒေသခံတွေကို စစ်ကောင်စီက အရင်ကထက်ပိုပြီး စွပ်စွဲဖမ်းဆီးလာနိုင်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးထား ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up