အီရန်ဆန္ဒပြမှုအတွင်း မီးလောင်

အီရန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန် ဂျာဗားရုဒ်မြို့ရဲ့ လမ်းမပေါ်မှာ နေရာအတော်များများ မီးလောင်နေပါတယ်။
အောက်တိုဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုထဲမှာတော့ မြို့တွင်း လမ်းဆုံတနေရာမှာ မီးလောင်ရာက အနက်ရောင် မီးခိုးတွေ တက်လာတာကို မြင်ရပါတယ်။
အီရန်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ အမျိုးသမီးငယ်တယောက် သေဆုံးမှုကြောင့် ဖြစ်တဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားနေတဲ့အတွက် အာဏာပိုင်တွေက အပြင်းအထန် ဖြိုခွင်းနေတဲ့ကြားက အောက်တိုဘာ ၉ ရက်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြပွဲအတွင်း ကလေးငယ်တွေအပါအဝင် လူ ၁၈၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
ကာ့ဒ်လူမျိုးတွေ ကြီးစိုးရာမြို့ဖြစ်တဲ့ ဆာကက်ဇ်မြို့မှာ အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီရဲ့ ဈာပနကျင်းပခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်ကစခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အီရန်ခေါင်းဆောင်တွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့တာပါ။
အဓိပတိခေါင်းဆောင် အယာတိုလာ အလီခါမေနီ ပြုတ်ကျဖို့ တောင်းဆိုတဲ့ ဆန္ဒပြသူတွေက အခုနှစ်တွေအတွင်း အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။
အာမီနီဟာ ဘာသာရေးအရမသင့်လျော်တဲ့ ၀တ်စားဆင်ယင်မှုအတွက် စက်တင်ဘာ ၁၃ ရက်က တီဟီရန် မြို့တော်မှာ ဖမ်းဆီးခံခဲ့ ရပြီး သုံးရက်အကြာမှာ တီဟီရန်ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။