close

ပါရာဂွေးနိုင်ငံတွင် ရွေးကောက်ပွဲကော်ရှင်ရုံးချုပ် မီးလောင်

ပါရာဂွေးနိုင်ငံမှာ လာမယ့်လတွေအတွင်း အကြိုရွေးကောက်ပွဲတွေနဲ့ အထွေထွေရွေးကောက်ပွဲ တွေ ကျင်းပဖို့စီစဉ်ထားချိန်မှာ အက်ဆွန်းသီယွန်မြို့တော်ရှိ  အမျိုးသားရွေးကောက်ပွဲ ကော်မရှင်ရုံးချုပ်မှာ စက်တင်ဘာ ၂၉ ရက်က မီးလောင်ခဲ့ပါတယ်။ 

မီးလောင်ခဲ့တဲ့ ရွေးကောက်ပွဲတရားမျှတမှုဆိုင်ရာတရားရုံး (TSJE) မှာ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် စက်ကိရိယာတွေနဲ့ ပစ္စည်းပစ္စယတွေ ထားရှိရာ နေရာဖြစ်ပြီး တာဝန်ရှိ အာဏာပိုင် တွေ ရာနဲ့ချီ အလုပ်လုပ်ကြတာပါ။ 

သေဆုံးမှုသတင်း တစုံတရာ မကြားသိရသေးကြောင်းနဲ့ မီးဆက်မပြန့်ပွားစေဖို့ မီးသတ်သမား တွေက ကြိုးစားငြှိမ်းသတ်နေကြကြောင်း အက်ဆွန်းသီယွန်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ တရားသူကြီး ဂျော့်ဘိုဂါရင်က ဒေသခံ ရေဒီယိုအသံလွှင့်ဌာန တခုကို ပြောကြားခဲ့ပါတယ်။

ဘိုဂါရင်က မီးလောင်ရတဲ့ အကြောင်းရင်းကို အတည်မပြုနိုင်သေးပေမဲ့ အခုဖြစ်ရပ်ကြောင့် လာမယ့်ရွေးကောက်ပွဲအတွက် ရေးဆွဲထားပြီးသား အချိန်ဇယားကို နောက်ဆုံးမှာ ပြောင်းလဲ သွားနိုင်ကြောင်း ပြောပါတယ်။ 

လက်ရှိမှာ သမ္မတလောင်းတွေအတွက် ပဏာမအဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာ ၁၈ ရက်နဲ့ သမ္မတ၊ ဒုသမ္မတ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်အမတ်တွေအတွက် အထွေထွေရွေးကောက် ပွဲတွေကို လာမယ့်နှစ် ဧပြီလ ၃၀ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ 

မီးလောင်ကျွမ်းမှုကြောင့် မဲပေးစက် ၈၅၀၀ လောက် ပျက်စီးသွားနိုင်ကြောင်းနဲ့ ဒီဇင်ဘာလရဲ့  အကြိုရွေးကောက်ပွဲတွေကို မတူခြားနားတဲ့ အဆင့်နှစ်ဆင့်နဲ့ ကျင်းပဖို့ လေ့လာစူးစမ်းနေကြောင်း TSJE ဥက္ကဋ္ဌ ဂျမီဖတ်စ်တတ်ဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အတိုက်အခံပုဂ္ဂိုလ်တွေက အဲဒီအယူအဆကို ချက်ချင်းပဲ မေးခွန်းထုတ်ကြပါတယ်။ အတိုက်အခံ လစ်ဘရယ်ပါတီ ဥက္ကဋ္ဌ အလီဂရီက အကြိုရွေးကောက်ပွဲတွေကို ခွဲထုတ်ကျင်းပတာဟာ 'မသမာမှု လုပ်ဆောင်မယ့် အစီအစဥ်တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up