သမ္မတဘိုင်ဒန်၏ အုပ်ချုပ်ရေးအလုပ်မဖြစ်ဟု ဒေါ်နယ်ထရမ့် စွပ်စွဲ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ကြားဖြတ်ရွေးကောက်ပွဲတွေ မတိုင်မီ အောက်တိုဘာ ၉ ရက်က အရီဇိုးနားပြည်နယ်မှာ ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆွယ်ခဲ့ပါတယ်။
ကမ္ဘာကြီးဟာ တတိယကမ္ဘာစစ်အစွန်းရောက်နေပြီဖြစ်ပြီး လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးက အလုပ်မဖြစ်ဘူးလို့ ထရမ့်က သူ့မိန့်ခွန်းအတွင်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
"ယူကရိန်းစစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်ဖို့ ချက်ချင်းစေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုရမယ်၊ ဒါမှမဟုတ် တတိယကမ္ဘာစစ်ကျမှပဲ အဆုံးသတ်လိမ့်မယ်"လို့ ထရမ့်က လူစုလူဝေးကို ပြောပါတယ်။
ထရမ့်ဟာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်လောင်း ကာရီလိတ်ခ်ကို ထောက်ခံတဲ့အနေနဲ့ စင်မြင့်ပေါ်ကို ကြိုဆိုခဲ့ပါတယ်။ အရီဇိုးနားပြည်နယ်မှာ ကြိုတင်မဲတွေကို အောက်တိုဘာ ၁၂ ရက်မှာ စပြီး ပေးရမှာ ဖြစ်ပါတယ်။