ဒေါ်နယ်ထရမ့်နေအိမ်ရှာဖွေမည့် FBI အသိပေးစာ မရခဲ့ဟု သမ္မတ ဘိုင်ဒင် ပြော

139
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ဖလော်ရီဒါပြည်နယ် မာအာလာဂိုအိမ်ကို ရှာဖို့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI) ရဲ့ အသိပေးစာ သူမရထားဘူးလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောလိုက်ပါတယ်။
ဩဂုတ် ၈ ရက်က ရှာဖွေမှုဟာ ဒေါ်နယ်ထရမ့်က ၂၀၂၁ ဇန်နဝါရီမှာ သမ္မတ အိမ်ဖြူတော်ကနေ ထွက်လာချိန်က စာရွက်စာတမ်းတွေကို တရားမဝင် ယူသွားသလားဆိုတာ ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းပါ။
ရှာဖွေမှုအတွင်း FBI က အမျိုးအစား ခွဲခြားသတ်မှတ်ချက်အရ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်လို့ နာမည်တပ်ထားတဲ့ ပစ္စည်းတချို့ အပါအဝင် အမျိုးအစား ခွဲခြားသတ်မှတ်ထားတဲ့ ပစ္စည်းအစုံလိုက် ၁၁ စုံကို သိမ်းဆည်းခဲ့ပါတယ်။