close

သမ္မတရှီကျင့်ဖျင် တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အောက်တိုဘာ ၂၃ ရက်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကြိမ်  ၂၀ မြောက် ဗဟိုကော်မတီ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးမှာ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံရပါတယ်။ 

သမ္မတရှီက သဘာပတိအဖြစ် ကျင်းပတဲ့ ဒီအစည်းအဝေးမှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် ၂၀၃ ယောက်နဲ့ တခြားအဖွဲ့ဝင် ၁၆၈ ယောက် တက်ရောက်ခဲ့တာာဖြစ်ပြီး အစည်းအဝေးမှာ ရှီက CPC ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခံရပါတယ်။

အစည်းအဝေးမှာ ရွေးချယ်တင်မြှောက်ခံရတဲ့ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီအဖွဲ့ဝင်တွေကတော့ ရှီကျင့်ဖျင်၊ လီချန်း၊ ကျောက်လဲ့ကျိ၊ ဝမ်ဟူနင်၊ လီကျိ၊ စိုက်ချီ၊ တင်းရွှေရှန်းတို့ ဖြစ်ပါတယ်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီကနေ အမည်စာရင်း တင်သွင်းထားတဲ့ CPC ဗဟိုကော်မတီအတွင်းရေးမှူး အဖွဲ့ဝင်တွေကို အစည်းအဝေးထဲမှာ CPC ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တွေအဖြစ်လည်း ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

အစည်းအဝေးထဲမှာ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်တွေကိုလည်း အမည်ပေးခဲ့ပါတယ်။ ပထမအကြိမ် စုံညီအစည်းအဝေးမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ဗဟိုကော်မရှင်ရဲ့ စည်းကမ်းစစ်ဆေးရေး ကော်မရှင် (CCDI) ရဲ့ အမြဲတမ်း ကော်မတီဝင်တွေ၊ အတွင်းရေးမှူးတွေ၊ လက်ထောက်အတွင်းဝန်တွေနဲ့ အဖွဲ့ဝင်တွေကို အစည်းအဝေးက အတည်ပြုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up