မန်ယူလူငယ်ကြယ်ပွင့် ဂါနာချို စပိန်လက်ရွေးစင်ကိုယ်စားပြုကစားခွင့်ရှိ

မန်ယူနိုက်တက် အာဂျင်တီးနားတိုက်စစ်ကစားသမား ဂါနာချိုဟာ စပိန်အသင်းကိုလည်း ကိုယ်စား ပြု ကစားခွင့်ရှိနေပါတယ်။
အသက် ၁၈ နှစ်ပဲရှိသေးတဲ့ မန်ယူအကယ်ဒမီထွက်ကစားသမားဟာ ယူနိုက်တက်နဲ့ နောက်ဆုံး ၄ ပွဲဆက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ၂ ဂိုးသွင်း ၂ ဂိုးဖန်တီးမှုပြုလုပ်ခဲ့သူပါ။
သူ့ရဲ့ မိခင်က အာဂျင်တီးနာလူမျိုးဖြစ်လို့ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရဖူးပေမယ့် အသုံးပြုခြင်းမခံခဲ့သလို ကမ္ဘာ့ဖလားအတွက် အာဂျင်တီးနားလူစာရင်းမှာလလည်း ဂါနာချို ချန်လှပ်ခံ ခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီရွေးချယ်ခံကစားသမား ၂၆ ဦးထဲမှာ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်ကြတဲ့ အိန်ဂျယ်ကော်ရီယာနဲ့ သီယာဂိုအယ်လ်မေးဒါးတို့က ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ နုတ် ထွက်ခဲ့ရပါတယ်။
ဂါနာချိုဟာ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့သူဖြစ်လို့ စပိန်နိုင်ငံကိုယ်စားပြုကစားခွင့်လည်းရှိပြီး ကမ္ဘာ့ဖလားအပြီးမှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေပါတယ်။