ဂါနာချို၏ အဆုံးသတ်စွမ်းရည်အပေါ် မန်ယူနည်းပြ တန်ဟတ်ဂ်ချီးကျူး

မန်ယူ လူငယ်ကြယ်ပွင့် ဂါနာချိုရဲ့ အဆုံးသတ်စွမ်းရည်နဲ့ အကျိုးသက်ရောက်မှုအပေါ် နည်းပြတန်ဟတ်ဂ်က ချီးကျူးလိုက်ပါတယ်။
အသက် ၁၈ နှစ်နဲ့ ၁၃၅ ရက်ပဲရှိသေးတဲ့ အာဂျင်တီးနားလူငယ် ဂါနာချိုဟာ ဖူဟမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီး နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းပေးခဲ့တာပါ။
အဲဒီ အနိုင်ဂိုးသွင်းယူရာမှာ ဂါနာချိုရဲ့ အဆုံးသတ်စွမ်းရည်ဟာ တိကျသေချာပြီး ကောင်းမွန်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
ဒ့ါအပြင် ခံစစ်ပိုင်းကနေ တိုက်စစ်အထိ အနိုင်ဂိုးရဖို့ ကူညီပေးကြသူတွေနဲ့ ဂိုးဖန်တီးပေးခဲ့သူ အဲရစ်ဆင်ကိုလည်း နည်းပြတန်ဟတ်ဂ်က ချီးကျူးပါတယ်။
ရက်သတ္တပတ်လေးပတ် အနားရမှာက အရှိန်ကောင်းနေတဲ့ ဂါနာချိုအတွက် အန္တရာယ် ရှိနိုင်ပေမယ့် အကောင်းဆုံး ခြေစွမ်းဆက်ထိန်းနိုင်ဖို့ ကူညီပေးသွားမှာဖြစ်ကြောင်းလည်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ဂါနာချိုဟာ မန်ယူအသင်း ဆိုစီဒက်နဲ့ ယူရိုပါလိဂ်ပွဲမှာလည်း အနိုင်ဂိုး သွင်းပေးခဲ့သူဖြစ်ပြီး ၁၀ ရက်အတွင်း ၄ ပွဲကစားခဲ့ရာမှာ ၂ ဂိုးသွင်း ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။