close

စစ်တပ်လေ့ကျင့်ရေးလေယာဥ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အရေးပေါ် ဆင်းသက်

တနင်္သာရီတိုင်း မြိတ်မြို့ဘက်ကနေ ထားဝယ်ကိုတက်လာတဲ့ စစ်ကောင်စီတပ် လေ့ကျင်ရေး လေယာဥ်တစီး နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီလောက်က သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ကျေးရွာနားက လယ်ကွင်းတခုမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဟတ်ယာဥ် နှစ်စီး နဲ့ လေ့ကျင့်ရေး လေယာဥ် ၆ စီးလောက်ပါတဲ့ စစ်ကောင်စီလေတပ်အုပ်စုဟာ မြိတ်လေတပ်စခန်းကနေ တက်လာစဥ် လေ့ကျင့်ရေးလေယာဥ် တစီးကတော့ အခုလို အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။

ဒေသခံတွေကတော့ အခုလို လေယာဥ်အရေးပေါ်ဆင်းသက်တာဟာ စက်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ပြီး ပေါက်ကွဲသံတချက်လည်း ကြားရတယ်လို့ ပြောပါတယ်။

လေယာဥ်အရေးပေါ် ဆင်းသက်ပြီး မိနစ် ၃၀ လောက်အကြာမှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် တချို့​ရောက်ရှိလာပြီး ရွာခံတွေကို စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။

လေယာဥ်အရေးပေါ်ဆင်းသက်ခဲ့ရပေမဲ့ လေယာဥ်ပေါ်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မတွေ့ရဘူးလို့လည်း ဆိုပါတယ်။

မြိတ်ကနေ တက်လာတဲ့ အဲဒီလေတပ်အုပ်စုပါ တခြားလေ့ကျင့်ရေးလေယာဥ် ၅ စီးကတော့ မနက် ၁၁ နာရီလောက်မှာ ထားဝယ်လေယာဥ်ကွင်းကို ရောက်ရှိလာပြီး ရပ်နားထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up