မလေးရှားဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ဟောင်းတို့ ရွေးကောက်ပွဲတွင် မဲပေး

မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်နဲ့ ၀န်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင်တို့ဟာ နိုဝင်ဘာ ၁၉ ရက်က နိုင်ငံရဲ့ လတ်တလော နိုင်ငံရေးမတည်ငြိမ်မှုအဆင့်ကို အဆုံးသတ်ဖို့ အောင်မြင်နိုင်ခြေ မရှိတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပါတယ်။
“မဲပေးကြဖို့ လူငယ်တွေ အများကြီး ထွက်လာတာကို မြင်ခဲ့ရပြီး အရွယ်ရောက် မဲဆန္ဒရှင်တွေနဲ့ သက်ကြီး မဲဆန္ဒရှင်တွေထက် ပိုတောင်များတယ်”လို့ မလေးရှားဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ်က ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲကာလမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်အောင် ထိန်းသိမ်းကြဖို့၊ ပြဿနာ မဖန်တီးကြဖို့နဲ့ နိုင်ငံရေးပါတီတွေကြား အနှောင့်အယှက်မဖြစ်စေဖို့ လူတိုင်းကို အကြံပေးချင် ကြောင်း သူက ပြောပါတယ်။
မတူညီတဲ့ နိုင်ငံရေးအမြင်တွေအတွက် ဒီနေ့ မဲပေးခဲ့ပြီး၊ မနက်ဖြန်မှာ မလေးရှား နိုင်ငံသား တယောက်အဖြစ်၊ ငြိမ်းချမ်းပြီး စည်းလုံးတဲ့ မိသားစုအဖြစ်နဲ့ ပုံမှန်ဘဝကို ပြန်သွားမယ်လို့လည်း သူက ဆိုပါတယ်။
မူဟစ်ဒင်ရဲ့ မဟာမိတ်ဟာ အစ္စမေးလ် ရဲ့ ညွန့်ပေါင်းအစိုးရမှာ လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး သူတို့ ၂ ဦးဟာ ဝါရင့်အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်ကို ပိတ်ဆို့ဖို့ တခါပြန်တွေ့ဆုံ နိုင်တာပါ။
အန်ဝါဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ လွှတ်တော်မှာ အမတ်နေရာ အများဆုံး ရရှိမယ်လို့ ခန့်မှန်းထားပေမယ့် အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ နေရာအများစုကိုတော့ မရောက်နိုင်ပါဘူး။
ပထမဆုံး မဲပေးခွင့်ရသူအသစ် ၆ သန်းအပါအဝင် မလေးရှားနိုင်ငံရဲ့ မဲပေးခွင့် အရည်အချင်း ပြည့်မီသူ ၂၁ ဒသမ ၁ သန်းဟာ အောက်လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၂၂ ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။
မဲပေးပွဲမတိုင်ခင် ရက်ပိုင်းအတွင်း အကြိုစစ်တမ်းတွေမှာ မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေကို ခန့်မှန်းကြည့်တာမှာလည်း သိသာထင်ရှားတဲ့ အရေအတွက်ကို ရှင်းရှင်းလင်းလင်း အနိုင်ရသူ မရှိပါဘူး။