ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အိမ်ရှင်ကာတာနှင့် အီကွေဒေါ ယနေ့ စတင်ယှဉ်ပြိုင်မည်

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၀ ရက် ဒီကနေ့ညမှာ အုပ်စု (အေ)က အိမ်ရှင် ကာတာအသင်းနဲ့ အီကွေဒေါအသင်းတို့ အယ်ဘေ့ဘတ် အားကစားကွင်းကြီးမှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
နှစ်သင်းစလုံးရဲ့ နည်းပြတွေကတော့ အခုပွဲစဉ်အတွက် အသင့်ဖြစ်နေပြီလို့ ပြောပါတယ်။ အီကွေဒေါနည်းပြကတော့ အိမ်ရှင်ကာတာအသင်းဟာ တောင့်တင်းပြီး ကစားရခက်တဲ့အသင်း ဖြစ်တာကြောင့် ပွဲပြီးတဲ့အထိ အာရုံစိုက် ကစားသွားရမှာပါလို့ ပြာပါတယ်။
အုပ်စု (အေ)မှာ ကာတာ ၊ အီကွေဒေါ၊ နယ်သာလန်နဲ့ ဆီနီဂေါအသင်းတို့ ပါ၀င်ပါတယ်။
ပြိုင်ပွဲ၀င်အသင်းပေါင်း ၃၂ သင်း ယှဉ်ပြိုင်ကြမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။