close

စီရော်နယ်ဒိုဟာ အခမ်းနားဆုံးကစားသမား ၁ ဦးဖြစ်ဟု မက်ဂွဲယားချီးကျူး

စီရော်နယ်ဒိုဟာ အခမ်းနားဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့ မန်ယူနောက်ခံလူမက်ဂွဲယားက ချီးကျူးပြောပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းနဲ့ ပြဿနာဖြစ်ခဲ့ပြီးနောက် စာချုပ်ဖျက်သိမ်းခံခဲ့ရပေမယ့် မက်ဂွဲယားကတော့ ရော်နယ်ဒိုအပေါ် လေးစားမှုရှိနေဆဲလို့ဆိုရမှာပါ။

ရော်နယ်ဒိုနဲ့အတူ နောက်ဆုံး ၂ နှစ်ဆက်တိုက်တွဲဖက်ကစားခဲ့လို့ ရော်နယ်ဒိုဟာ အခမ်းနားဆုံးကစားသမားတွေထဲကတစ်ဦးဖြစ် ကြောင်း၊ ရော်နယ်ဒိုဟာ နေ့စဉ်ဝေဖန်မှုဒဏ်ခံခဲ့ရပြီး ဒါဟာလည်းဘောလုံးအားကစားရဲ့တစ်စိတ်တစ် ပိုင်းသာဖြစ်ကြောင်း မက်ဂွဲယားကပြောပါတယ်။

ရော်နယ်ဒိုဟာ မနေ့က ကစားခဲ့တဲ့ ဂါနာနဲ့ပွဲစဉ်မှာ ပင်နယ်တီကနေတစဆင့် ဦးဆောင်ဂိုးသွင်းခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up