close

မတရားသင်းဆက်သွယ်မှုဖြင့် တရားစွဲခံရသည့် သံတွဲမြို့ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်ကို ရုံးထုတ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်လည်းဖြစ် တေးရေးဆရာလည်းဖြစ်တဲ့ ဦးစန်းကို ကို နိုဝင်ဘာ ၂၄ ရက်က သံတွဲမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဦးစန်းကို ကို ရက္ခိုင့်တပ်တော်(အေအေ) နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ကာ တရားစွဲဆို တင်ပို့ခဲ့တာပါ။

မိသားစုဝင်တဦးက "သူကို ဖမ်းသွားတာ တစ်လရှိပြီ။ အောက်တိုဘာ ၂၃ ရက်က ဖမ်းသွားတာ။ နိုဝင်ဘာ ဒုတိယအပတ်မှာ သံတွဲရဲ့စခန်းမှာ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ရုံးထုတ် စစ်ဆေးတယ်။"လို့ ​ပြောပါတယ်။

စစ်ဆေးစရာ ရှိသည်ဟုဆိုကာ ကိုစန်းကို ကို  သူရဲ့နေအိမ်မှ ငပလီအခြေစိုက် ခလရ-၅၅ကို ဖမ်းဆီးသွားပြီး ဗိုလ်ကြီးရဲလင်းထွန်းက တရားလိုလုပ် အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

ကိုစန်းကို ကို ဖမ်းဆီးပြီးနောက် နိုဝင်ဘာ ၁၂ ရက်မှာ သံတွဲခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး မှတဆင့် သံတွဲမြို့မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ(မထသ)ထံ ညွှန်ကြားခဲ့ရာက ရခိုင်အားမာန်ကားဂိတ်ကို ရပ်နားခဲ့ရတယ်လို့  မိသားစုဝင်တွေက​​ ဆိုပါတယ်။

ရခိုင့်အားမာန်ယာဉ်လိုင်းဟာ ရခိုင်ပြည်နယ်က သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ပြေးဆွဲနေသည်မှာ  ၁၀ ခန့် ရှိနေပြီလို့ ယာဉ်လိုင်းတွေက ပြောပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က အေအေနဲ့ ဆက်စပ်တဲ့ ရခိုင်လုပ်ငန်းရှင်တွေနဲ့ ရခိုင်ဒေသခံတွေကို  သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up