close

ရေးမြောက်ပိုင်းတွင် စာသင်ကျောင်းများဖွင့်ထားသော်လည်း ကျောင်းတက်သူမရှိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြန်လည် ဖွင့်လှစ်ခဲ့ပေမယ့် ကျောင်းသား၊ ကျောင်းသူတွေဟာ မတက်ရဲကြလို့ ကျောင်းတက်သူ မရှိသေးဘူးလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတယောက်က “ကျောင်းကို စစ်တပ်က လုံခြုံရေးယူထားပေးတာ မှန်ပေမဲ့ တဖက် PDF တွေက ပညာရေး ဝန်းထမ်တွေကို ခြိမ်းခြောက်သတိပေးထားခဲ့တယ်။ ဒီဒေသမှာ ပစ်ခတ်လာလို့ ရှိရင် ဘယ်လိုလုပ်မလဲ စိုးရိမ်ရတာပေါ့” လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ညဖက်လမိုင်းကျောင်း နားကပ်တာ ရှိရင် ခြောက်ပစ်တာရှိတယ်။ စာသင်ကျောင်းမှာ တပ်စွဲထားတယ်။ အများကြီးဘဲ နေ့ဘက်ဆိုမထွက်ဘူး။ ညဘက်မှထွက်တာ အဲဒီရှေ့က ဘယ်သူမှ ဖြတ်မရဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ လမိုင်း၊ မော့ကနင်၊ ကော့ဒွတ်၊ တောင်ပြင်နဲ့ တောင်ဘုံစတဲ့ စာသင်ကျောင်းတွေက ပြန်ဖွင့်လှစ်ခဲ့ပေမယ့်  နှစ်ကရင်ရွာကကျောင်းအားလုံးနီးပါး မဖွင့်လှစ်ခဲ့ကြသလို ပညာရေး ဝန်းထမ်းတွေကလည်း အရပ်ဝတ်နဲ့သာ ကျောင်းကို ဆက်တက် နေပါတယ်။ 

စစ်တပ်တွေနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တွေ ရေးမြောက်ပိုင်းဘက်ကို အင်အားဖြည့် ထားတာကြောင့် ဒေသခံတွေမှာ တိုက်ပွဲတွေ ထပ်မံဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတာပါ။ 

ရေးမြို့နယ်မြောက်ပိုင်းမှာ  စာသင်ကျောင်းပေါင်း ၁၀၀ ကျော်လောက်ရှိရာ ကျောင်းသား ထောင်ချီ လောက်ရှိနေတာပါ။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up