ဘရာဇီးနှင့် ဆွစ်ဇာလန်ပွဲတွင် လျှပ်စစ်မီးပြတ်သဖြင့် ပွဲခတ္တရပ်နားခဲ့ရ

မနေ့ညက ကစားသွားခဲ့တဲ့ ဘရာဇီးနဲ့ ဆွစ်ဇာလန်ပွဲစဉ်မှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက္ကန့် ပိုင်းလောက်ရပ်နားခဲ့ရပါတယ်။
ဒိုဟာမြို့ရှိ Ras Abu Aboud ကွင်းမှာကစားခဲ့တဲ့အဲဒီပွဲစဉ်မှာ ပွဲချိန် ၄၄ မိနစ် အရောက်မှာ လျှပ်စီးမီးပြတ်တောက်မှုကြောင့် ရုတ်တရတ် အမှောင်ကျသွားခဲ့တာပါ။
ဘရာဇီးအသင်းက တောင့်ကန်ဘောကန်ဖို့ပြင်ဆင်နေချိန်မှာဖြစ်ပြီး ပွဲစဉ်ကို ၅ စက္ကန့်လောက် ရပ်နားခဲ့ရပါ သေးတယ်။
စက္ကန့်ပိုင်းအတွင်းပဲ မီးပြတ်သွားခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်လူကြီး အိုဗင်ဘာတန်က အခြေအနေကို စောင့်ကြည့်ခဲ့ပါသေးတယ်။
ဒီဖြစ်စဉ်ဟာ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့တာပါ။ ပွဲစဉ်မတိုင်ခင်ကတည်း ဆွစ်ဇာလန်အသင်းစီးလာတဲ့ ဘက်စ်ကားဟာလည်း ရဲကားကို ဝင်တိုက်မှုဖြစ်ပွားခဲ့သေးပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါဘူး။
အဲဒီပွဲစဉ်မှာ ဘရာဇီးက ဆွစ်ဇာလန်ကို ၁ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး လက်ကျန်တစ်ပွဲရှိသေးပေမယ့် နောက်တစ်ဆင့်တက်ဖို့ သေချာသွားခဲ့ပါတယ်။