တိုက်စစ်မှူးနေမာ ပြိုင်ပွဲတစ်ခုလုံးလွဲချော်သွားမှာကို ဘရာဇီးအသင်းစိုးရိမ်

ဘရာဇီးအသင်းဟာ အားထားရတဲ့တိုက်စစ်မှူးနေမာကို ပြိုင်ပွဲတစ်ခုလုံးအထိ လွဲချော်သွားမှာ ကိုစိုး ရိမ်နေပါတယ်။
နေမာဟာ ဆားဘီးယားကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ပြစ်ဒဏ်ဘော ၉ ကြိမ်အထိ ကျူးလွန်ခံခဲ့ရပြီး ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီဒဏ်ရာကြောင့် အုပ်စုပွဲစဉ် အားလုံးကို လွဲချော်မှာဖြစ်ပြီး ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ပြန်လည်ကစားနိုင်ဖို့ ဘရာဇီးအသင်းက မျှော်မှန်းထားတာပါ။
ဒါပေမဲ့ လက်ရှိအခြေအနေအရ ဒဏ်ရာသက်သာလာခြင်းမရှိသေးတာကြောင့် ၁၆ သင်း အဆင့်ပွဲစဉ်မှာလည်း ပါဝင်ကစားနိုင်ဖို့ မသေချာတော့ဘူးလို့ Mirror သတင်းမှာ ဖော်ပြပါတယ်။
ဘရာဇီးအသင်းဟာလည်း နေမာရဲ့ဒဏ်ရာ မျှော်လင့်ထားတာထက်ပိုဆိုးလာမှာကို စိုးရိမ်နေပြီး ၁၆ သင်း အဆင့်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။