ကွင်းထဲက လေအေးပေးစက်များကြောင့် ဖျားနာမှုတွေဖြစ်စေကြောင်း အန်တိုနီ ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကွင်းတွေထဲက လေအေးပေးစက်ကြောင့် ဖျားနာမှုတွေဖြစ်စေကြောင်း ဘရာဇီး တောင်ပံတိုက်စစ်မှူး အန်တိုနီက ပြောပါတယ်။
ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ကျင်းနေတာဖြစ်ပေမယ့် အပူချိန်များနေဆဲဖြစ်လို့ ဘောလုံးကွင်းတွေထဲမှာ လေအေးပေးစက်တွေ ဖွင့်ထားရတာပါ။
ဘရာဇီးအသင်းဟာ တနင်္လာနေ့က ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့အပြီးမှာ အန်တိုနီ အပါအဝင် ကွင်းလယ်လူ ပါကေတာ၊ ဂိုးသမားအလစ်ဆန် တို့ဟာ တုပ်ကွေးလက္ခဏာတွေ ခံစားခဲ့ရပြီး နောက်တနေ့မှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။
အန်တိုနီကတော့ အဲဒီလို တုပ်ကွေးဖျားနာတဲ့ ဝေဒနာခံစားရတာဟာ ဘောလုံးကွင်းထဲက လေအေးပေးစက်ကြောင့် ဖြစ်ပြီး ဆိုးရွားစွာ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ချောင်းဆိုးမှုလည်းဖြစ်ပေါ်စေပြီး ခက်ခဲတဲ့အခြေအနေဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပေမယ့် ကစားသမားအတော်များများမှာ အလားတူ ဝေဒနာတွေ ခံစားခဲ့ကြရတယ်လို့ အန်တိုနီက ပြောပါတယ်။