ပါကစ္စတန်မြို့တော် လားဟိုးတွင် မီးခိုးမြူများ ၂ ရက်ဆက်တိုက် ဖုံးလွှမ်း

ပါကစ္စတန်နိုင်ငံ မြို့တော်လာဟိုးကို ထူထဲတဲ့ မီးခိုးမြူလုံးတွေက ဒီဇင်ဘာ ၃ ရက်မှာ ဒုတိယနေ့အဖြစ် ဆက်တိုက် ဖုံးလွှမ်းခဲ့ပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်ဘက်ခြမ်း နှစ်ဘက်စလုံးရှိ ပန်ဂျပ်ပြည်နယ်က လယ်သမားတွေဟာ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ ဆောင်းရာသီအတွင်း ကောက်ပဲသီးနှံအမှိုက်တွေကို စတင် မီးရှို့ကြလေ့ရှိပြီး မီးခိုးတွေထူထပ်လာပြီးတော့ လေထုအရည်အသွေးဟာ များသောအားဖြင့် ပိုပြီးဆိုးရွားလာတတ်ပါတယ်။
ဒီဇင်ဘာ ၂ ရက်မှာတော့ လာဟိုးရှိ လေအရည်အသွေးညွှန်းကိန်း (AQI) ဟာ ၄၀၀ အထိ မြင့်တက်လာပါတယ်။
AQI ၁၀၀ အထက် ရှိတဲ့အခြေအနေဟာ လူတွေကို ယားယံခြင်းနဲ့ အဆုတ်ဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရနိုင်ခြေရှိတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ သတ်မှတ်ထားတာပါ။
မြူခိုးတွေကြောင့် ဆိုးကျိုးတွေ အများကြီးတွေ့နေရတယ်လို့ လာဟိုးမြို့မှာ နေထိုင်သူ မိုဟာမက် အူမာက ပြောပါတယ်။
မနက်ခင်းမှာ မီးခိုးမြူတွေကြောင့် လမ်းမှာ အရှေ့ဘက်ကို ဘာမှမမြင်ရတာကြောင့် လမ်းမတော်တဆမှုတွေက အဖြစ်များပါတယ်။
ချောင်းဆိုးတာ၊ အအေးမိတာနဲ့ တခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလည်း ပျံ့နှံ့နေပါတယ်လို့ အူမာက ပြောပါတယ်။