close

ဘန်ကောက်တွင် ဆိုင်ကယ်မှောက်သူကို သွားကူညီသည့် မြန်မာလုပ်သား ၁ ဦး သေနတ်ပစ်ခံရပြီး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ တလင်ချန်းနယ်မြေ ဘန်လမတ်ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် ညက ဆိုင်ကယ် ၁ စီးမှောက်လဲသွားလို့ မြန်မာလုပ်သားတွေ သွားရောက်ကူညီထူမရာမှာ ဆိုင် ကယ်မှောက်သူက သေနတ်နဲ့ပြန်ပစ်လို့ မြန်မာလူငယ် ၁ ဦး ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၄ ရက် ညသန်းခေါင် ဘန်လမတ်ရပ်ကွက်ထဲမှာ သေနတ်ပစ်ခတ်မှုဖြစ်ကြောင်း အ ကြောင်းကြားချက်ရတဲ့အတွက် သွားရောက်စစ်ဆေးကြည့်ရှုရာမှာ အခင်းဖြစ်တဲ့နေရာမှာ ကူညီ ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာနဲ့လဲနေသူ တဦးကို အသက်ပြန်ရှူအောင်ကြိုးစား ကူညီပေးနေ ကြောင်း၊ ဒါပေမဲ့ မအောင်မြင်ဘဲ အဲဒီနေရာမှာတင် သေဆုံးခဲ့တယ်လို့ တလင်ချန်းနယ် မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အနီးနားမျက်မြင်သက်သေတွေပြောပြချက်အရ အဲဒီညက ဆိုင်ကယ်တစ်စီး ဒယီးဒယိုင်နဲ့ အင်္ဂ တေခင်းတံတားပေါ်တက်လာကြောင်း၊ ကုန်းအဆင်းမှာ ဆိုင်ကယ်က မှောက်လဲသွားလို့ အနီးနားရှိ မြန်မာလုပ်သား ၂ ဦးက ဆိုင်ကယ်ကို သွားရောက်ထူမပေးစဉ် ဆိုင်ကယ်မှောက်တဲ့လူက “မင်းတို့နဲ့ဘာဆိုင်လဲ ဘာမှလာမရှုပ်နဲ့” လို့ပြောပြီး သေနတ်နဲ့ ပစ်ကာ အဆိုပါဆိုင်ကယ်ကိုစီးပြီး ထွက်ခွါသွားတယ်လို့ ဆိုပါတယ်။ 

သေနတ်နဲ့အပစ်ခံရသူမှာ အသက် ၂၉ နှစ်ရွယ်ရှိ ကိုသန်းနိုင်ဆိုသူ မြန်မာအလုပ်သမား ၁ ဦးဖြစ်ပြီး ချိုင်းအောက်နဲ့ နံကြားမှာ ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ သူနဲ့ ဆိုင်ကယ်မှောက်သူတို့ဟာ အသိအကျွမ်းလည်းမဟုတ် အရင်က တခါမှလည်း မမြင်ဖူးကြောင်း၊ ကိုသန်းနိုင်မှာ လူရိုးလူအေး တစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ဇနီးက သတင်းထောက်တွေကို ပြောပါတယ်။ 

ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ထွက်ပြေးသွားသူကို လိုက်လံစုံစမ်းရှာဖွေစဉ်မှာဘဲ နောက်တနေ့ မနက်မှာတော့ တရားခံဟာ သူ့ရဲ့ထိုင်းလုပ်သေနတ် ၊ ဆိုင်ကယ်စတဲ့သက်သေတွေနဲ့အတူ ရဲစခန်းမှ ကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ်။ 

ထိုသူမှာ အသက် ၃၉ နှစ်ရွယ်ရှိ နိုင်းအာယုဆိုသူ ထိုင်းလူမျိုး တဦးဖြစ်ပြီး အခင်းဖြစ်တဲ့ညက သူငယ်ချင်းတွေနဲ့အတူ အရက်သောက်ပြီးတာနဲ့ ဆိုင်ကယ်စီးပြန်ခဲ့ကြောင်း၊ တံတားကုန်းဆင်း တ စ်ခုမှာ ဆိုင်ကယ်မှောက်သွားစဉ် အဲဒီနားမှာ ဝိုင်းဖွဲ့အရက်သောက်နေတဲ့ လူ ၅ ယောက်လောက်က သူ့ဆီလာပြီး ရန်လိုစကားပြောသလို လူတယောက်က ထိုးကြိတ်မယ့် ပုံပေါက်လို့ မိမိကိုယ် ကာကွယ်တဲ့အနေနဲ့ သေနတ်နဲ့ ပစ်ထည့်လိုက်တာလို့  ပြောပါတယ်။ 

တလင်ချန်းနယ်မြေရဲတပ်ဖွဲ့ကတော့  တရားခံဟာ ထွက်ဆိုချင်သလို ထွက်ဆိုလို့ရပေမယ့် သူ့ကို တော့ တမင်ရည်ရွယ်လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ကနဦး အမှုဖွင့်အရေးယူ ထားတယ်လို့ ဆိုပါတယ်။ 

သူ့ရဲ့ကိုယ်ရေးမှတ်တမ်းတွေ ပြန်ရှာရာမှာတော့ နိုင်းအာယုဟာ အရင်ကလည်း ရန်ဖြစ်မှု ကျူး လွန်ခဲ့ဖူးပြီး လုယက်မှုနဲ့ ထောင်ကျကာ ဒီနှစ်ထဲမှာမှ ပြန်လွတ်လာတာလို့ သတင်းထောက်ကို ပြောသွားပါတယ်။ 

ကိုးကား- NationTV/BugabooTV

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up