ချန်ပီယံဖြစ်ရန်ယုံကြည်မှုပိုရှိလာဟု အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းပြော

အင်္ဂလန်အသင်းသားတွေဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ယုံကြည်မှုတွေ ပိုမိုတိုးလာခဲ့တယ်လို့ တိုက်စစ်မှူး ဟယ်ရီကိန်းကပြောပါတယ်။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်တက်ခဲ့သလို ယူရိုပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာတွေက အခုနှစ်ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ပိုမိုတိုးလာစေတယ်လို့ ကိန်းက ဆိုပါတယ်။
အင်္ဂလန်အသင်းက အသင်းကောင်းတစ်သင်းဆိုတာကို သိသလို တခြားအသင်းကောင်းတွေ လည်းရှိကြောင်း၊ ကစားသမားတိုင်းက ကွင်းထဲမှာ အမှန်တကယ်ခြေစွမ်းပြနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေရှိကြောင်း ဟယ်ရီကိန်းကပြောပါတယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားကွာ တားဖိုင်နယ်မှာ လက်ရှိချန်ပီယံပြင်သစ်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။