ကွင်းလယ်လူ ဘယ်လင်ဂမ်ကို လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကစားစေချင်

အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ သူ့ရဲ့မိဘတွေက ဆန္ဒရှိ နေတယ်လို့သိရပါတယ်။
ဒေါ့မွန်လူငယ်ကြယ်ပွင့်ဟာ အင်္ဂလန်အသင်းမှာလည်း ခြေစွမ်းပြနေပြီး ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုခံရနေတာပါ။
ဒါပေမဲ့ ဘယ်လင်ဂမ်ရဲ့မိဘတွေကတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးလိုအသင်းတွေရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး လီဗာပူးအသင်းဆီပဲ ပြောင်းရွှေ့ဖို့ ဘယ်လင်ဂမ်ကို တိုက်တွန်းထားတာပါ။
ဒါပေမဲ့ ဘယ်လင်ဂမ်ရဲ့ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၃၀ သတ်မှတ်ထားလို့ လီဗာပူးအသင်းကဝယ်ယူနိုင်ဖို့ ခက်ခဲနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။
ဘယ်လင်ဂမ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းကနေ ထွက်ခွါခွင့်ပေးဖို့ ဒေါ့ မွန်အသင်းကို တောင်းဆိုသွားမယ်လို့ ဂျာမန်သတင်းဟာ BILD ကဖော်ပြပါတယ်။